ပျိုမဒီလေးတွေရဲ့အသည်းကျော် သရုပ်ဆောင်မင်းသား အောင်မင်းခန့်ကတော့ လက်ရှိမှာ လှူဒါန်းမှုတွေ မကြာခဏပြုလုပ်ပြီး ကောင်းမှုပြုကုသိုလ်လေးတွေနဲ့ ဖြတ်သန်းနေတာ တွေ့ရပါတယ်။ အခြေအနေတွေအမျိုးမျိုးကြောင့် စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူမိသားစုတွေအတွက် စားသောက်ကုန်တွေ ပေးဝေလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
တော်သလင်းလပြည့်နေ့မှာ လိုအပ်နေတဲ့မိသားစုတွေအတွက် Better future လူမူကယ်ဆယ်ရေးအဖွဲ့သားတွေနဲ့အတူ အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများ၊ နှာခေါင်းစည်း Mask များကို သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ အောင်မင်းခန့်ကတော့ Better Future အသင်းရဲ့ နာယကတစ်ဦးဖြစ်ပြီး အသင်းဥက္ကဋ္ဌ ကိုထက်သူရ၊ အသင်းသူအသင်းသားများနဲ့ အတူ တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းတိုက်မှာ လူဦးရေ (၁၅၀)စာ အတွက် လှူဒါန်းခဲ့တာပါ။
လပြည့်နေ့မှာ ကုသိုလ်လေးနဲ့ဖြတ်သန်းရလို့ စိတ်ကြည်နူးပျော်ရွှင်ရပြီး ကူညီလိုတာပဲဖြစ်ဖြစ် ပါဝင်လှူဒါန်းချင်တာပဲဖြစ်ဖြစ် ကြိုဆိုတဲ့အကြောင်းလေးတွေပြောကာ အလှူပုံရိပ်တွေကိုလည်း ဝေမျှထားပါသေးတယ်။ အောင်မင်းခန့်တို့ရဲ့ ကြည်နူးစရာ အလှူလေးတွေကိုလည်း (၇)ရက်သားသမီး ပရိသတ်တွေက ဝမ်းသာစွာနဲ့ မုဒိတာပွားသာဓုခေါ် ဆုတောင်းပေးထားကြတာလည်း ဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Aung Min Khant's Fb Acc