မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၅၀၀ ကျော်ရှိနေပြီး မအူပင်မြို့မရဲစခန်းတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ

//s9.kh1.co/72/727d63cae25255698c54b2899868dce8afd11961.jpg
နေ့စဉ်သတင်းများ

 ၂၁-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ကူးစက်မှုတွေက အကျဉ်းထောင်တွေထဲမှာလဲ ပါဝင်နေ.....

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ ရှိနေသေးတဲ့ မြန်မာနိုင်ငံမှာ တစ်ရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁,၅၀၀ ကျော်နဲ့ ၅၆ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၀ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

Photo Credit : Original Uploader
Photo Credit : Original Uploader

ကူးစက်မှုတွေက အကျဉ်းထောင်တွေထဲမှာလဲ ပါဝင်နေပါတယ်။ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့မရဲစခန်းအချုပ်အတွင်းမှာလည်း အချုပ်သားတစ်ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့ သိရပါတယ်။

အချုပ်သားတွေကို စက်တင်ဘာ ၁၉ ရက်ညနေက ကိုဗစ်-၁၉ စစ်ဆေးပြီး၊ တဆောင်တည်းနေ အမျိုးသားလူငယ်တစ်ယောက်ထံက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။ သူ့အနေနဲ့ ကျန်းမာရေး ကောင်းမွန်ပါတယ်လို့လည်း သိရပါတယ်။ 

Photo Credit : Original Uploader
Photo Credit : Original Uploader

ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၇,၃၀၉ ခု ကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၁,၅၈၅ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၉ ဒသမ ၁၅ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၁,၉၄၈  ယောက်ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ စုစုပေါင်း ၁၇,၁၂၉ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၄၈,၁၅၈ ယောက် ရှိပါတယ်။

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader

Source : Original Uploader

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T