"What happened to the wolf" ဇာတ်ကား ကန်တော့ပွဲမှ လွမ်းဆွတ်ဖွယ်ပုံရိပ်များ

//s9.kh1.co/ba/ba51be5724483dfc21c788e33ee2efbfada25932.jpg
အနုပညာရှင်များ

 ၂၁-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ပွဲတက်ပြီးပျော်နေကြရမယ့်အချိန်မှာ ခုတော့ တစ်ယောက်တစ်နေရာစီနဲ့..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

သိပ်မကြာခင်က ဂျာမနီနိုင်ငံ မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ “What happened to the wolf?” မြန်မာရုပ်ရှင် ဇာတ်ကားပြသခွင့်ရခဲ့ပါတယ်။ဒီဇာတ်ကားကို ဒါရိုက်တာဏကြီး ရိုက်ကူးတာဖြစ်ပြီး သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသုတို့က အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားကြပါတယ်။အကယ်ဒမီ လွင်မိုး၊အောင်မြင့်မြတ် နှင့် ကျော်ထက်အောင်တို့ကလည်း ဧည့်သည်သရုပ်ဆောင်များအနေနဲ့ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Photo Credit From What Happened to the Wolf
Photo Credit From What Happened to the Wolf
Photo Credit From What Happened to the Wolf
Photo Credit From What Happened to the Wolf

ထို ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် အိန္ဒြာကျော်ဇင် ဟာ “Seymour Cassel Award for Best Performance” ဆု ရရှိတယ်လို့ ယမန်နေ့ စက်တင်ဘာ (၂၀)ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။အိန္ဒြာကျော်ဇင်ရဲ့ ပင်ကိုယ်စိတ်ထားနဲ့ တန်ဖိုးဖြတ်မရတဲ့ သူမရဲ့ ပါရမီကို အသိအမှတ်ပြုတဲ့အနေနဲ့ ဒီဆုကို ချီးမြှင့်တာလို့လည်း “What happened to the wolf?” ပေ့ချ်ကနေ တရားဝင်ထုတ်ပြန်ထားပါတယ်။

Photo Credit From What Happened to the Wolf
Photo Credit From What Happened to the Wolf
Photo Credit From What Happened to the Wolf
Photo Credit From What Happened to the Wolf

လက်ရှိမှာတော့ သရုပ်ဆောင်အိန္ဒြာကျော်ဇင်ဟာ

လက်ရှိမှာတော့ သရုပ်ဆောင်အိန္ဒြာကျော်ဇင်ဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ - ကနဲ့ တရားစွဲဆိုခံနေရပြီး အင်းစိန်အကျဉ်းထောင်အတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရတာ ဖြစ်ပါတယ်။ဒါ့အပြင် ဒီရုပ်ရှင်ဇာတ်ကားမှာပါဝင်တဲ့ သရုပ်ဆောင်၊ ဒါရိုက်တာနဲ့မိတ်ကပ် ဖန်တီးသူတွေကို စစ်ကောင်စီ က ဖမ်းဝရမ်းထုတ်ထားတာဖြစ်သလို မိတ်ကပ်ဖန်တီးရှင်ဖြစ်တဲ့ မေဦးဟာလည်းအဝေးတစ်နေရာကိုရောက်ရှိနေတာဖြစ်ပါတယ်။ပရိတ်သတ်အားလုံးကလည်း သူတို့အားလုံး တူတူအောင်ပွဲခံရမယ့်အချိန်မှာ တစ်ယောက်တစ်နေရာစီရောက်နေကြလို့ စိတ်မကောင်းဖြစ်နေကြပါတယ်။သူတို့ကို အမှတ်ရနေတဲ့အနေနဲ့ "What Happened to the Wolf?" ဇာတ်ကား ကန်တော့ပွဲမှ အမှတ်တရပုံလေးတွေကိုပြန်လည်တင်ဆက်လိုက်ရပါတယ်။

Photo Credit From RBV
Photo Credit From RBV
Photo Credit From RBV
Photo Credit From RBV
Photo Credit From RBV
Photo Credit From RBV
Photo Credit From RBV
Photo Credit From RBV
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T