အားလုံးနီးပါး မြို့ကိုစွန့်ခွာသွားကြတာကြောင့် မီးလောင်ကျွမ်းခဲ့တဲ့ နေအိမ်များနဲ့ လူသူမရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ထန်တလန်မြို့က လက်ရှိအခြေအနေ

//s9.kh1.co/c6/c6250690b3fdca62b4615d8a90263b978d1e080e.jpg
နေ့စဉ်သတင်းများ

 ၂၁-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

စတင်ဘာလ (၇)ရက်က အမျိုးသားညီညွတ်ရေးအစိုး NUG ရဲ့ ယာယီ သမ္မတ ဒူဝါလရှီးလက စစ်ရေးအရ အရေးပေါ်အခြေအနေတစ်ရပ် ကြေညာခဲ့ပြီးနောက် ချင်းပြည်နယ်၊ ဟားခါးမြို့အပါအဝင် ထန်တလန်မြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အာဏာရှင်လက်အောက်ခံတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာတာ တွေ့ရပါတယ်။ ဟားခါးမြို့မှာဆိုရင် အပြန်အလှန်ပစ်ခတ်ရာကနေ လက်နက်ကြီးထိမှန်လို့ နေအိမ်(၂)လုံးမီးလောင်ပျက်စီးသွားခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ထန်တလန်မြို့နယ်မှာလည်း စက်တင်ဘာ (၁၈) ရက်နေ့က မြို့တွင်းသို့ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် နေအိမ် (၁၉)လုံး မီးလောင်ပျက်စီးခဲ့ရပါတယ်။ ဒါ့အပြင် TCBC အသင်းတော်မှ ဓမ္မအမှုတော်ဆောင် ဆရာကျုံးဗျက်ဟုမ်လည်း အိမ်များမီးလောင်လို့ ငြှိမ်းသတ်ဖို့သွားနေရင်း လမ်းမှာပဲ ကျည်ထိမှန်သေဆုံးသွားခဲ့ရပါတယ်။ စတင်ဘာလ (၂၀)ရက်နေကတော့ ထန်တလန်မြို့ရဲ့ စိတ်မကောင်းစရာ ရုပ်သံဖိုင်တစ်ခုဟာ ပျံ့နှံ့လာခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဒါကတော့ ပစ်ခတ်မှုတွေနဲ့ နေအိမ်များမီးလောင်ပျက်စီးသွားခဲ့ပြီးနောက် ဒေသခံပြည်သူ တစ်မြို့လုံးနီးပါးဟာ စိုးရိမ်ပူပန်စွာနဲ့ လုံခြုံမှုမရှိတော့သည်ဟု ယူဆကြတဲ့အတွက် ၎င်းတို့မြို့ကိုစွန့်ခွာပြီး ထွက်ပြေးနေကြောင်း ကြားသိရပါတယ်။ ရုပ်သံဖိုင်မှာတော့ ထန်တလန်မြို့ဟာ ပြိုကျပျက်စီးနေတဲ့ နေအိမ်များနဲ့အတူ တစ်မြို့လုံးနီးပါး လူသူမရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေတာကို စိတ်မကောင်းစွာ တွေ့ရပါတယ်။ ဒီရုပ်သံဖိုင်ကိုလည်း ပရိသတ်တွေ ပြန်ကြည့်ရှုလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T