စစ်ရှောင်ရင်း လမ်းခရီးမှာ ထော်လဂျီ တိမ်းမှောက်ကာ ဒဏ်ရာများစွာရရှိခဲ့တဲ့ မိုင်းကိုင်မြို့က ဒေသခံများ

//s9.kh1.co/de/de352b4f31319576e359c14034a7471d61a78d6c.jpeg
နေ့စဉ်သတင်းများ

 ၂၁-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

......

တစ်ချို့နေရာတွေမှာ အခြေအနေ အမျိုးမျိုးကြောင့် တိုက်ပွဲတွေပြင်းထန်လျက်ရှိနေပြီး ပြည်သူတွေ တော်တော်များများကလည်း အသက်ဘေးအန္တရာယ် ကင်းလွတ်ဖို့အတွက် ရှိသမျှတွေကို စွန့်ပစ်ခဲ့ရပြီး တောထဲတောင်ထဲမှာ စစ်ဘေးရှောင်နေကြရဆဲပါ ။နေအိမ်ကိုစွန့်ခွာကာ စစ်ဘေးရှောင်နေကြတာကြောင့် အစစအရာရာ ခက်ခဲနေကြပြီး အစားအသောက် နေထိုင်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကအစ အကူအညီ အများအပြား လိုအပ်နေကြတာတွေကိုလည်း တွေ့ရပါတယ်။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

အခုလည်း ရှမ်းပြည်နယ် မိုင်းကိုင်မြို့မှာ စစ်ရှောင်ရင်း လမ်းခရီးမှာ ထော်လဂျီတိမ်းမှောက်ကာ ဒဏ်ရာရှိသွားတဲ့ ဒေသခံတွေရဲ့ စိတ်မကောင်းစရာ သတင်းကိုတွေ့ရပါတယ် ။ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ (၂)ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားကာ လက်နက်ကြီးသံများ ကြားပြီး ဒေသခံများထွက်ပြေးလာစဉ် ဟိုခဲလမ်းခွဲ နှင့် ဆားတောတံတားကြား ထော်လဂျီ တိမ်းမှောက်ခဲ့တာလို့ သိရပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

ဒဏ်ရာ ရရှိသူတွေကို မိုင်းကိုင်ပြည်သူဆေးရုံကို ပို့ဆောင်ကာ လိုအပ်တာများ ကုသပေးလျက်ရှိတယ်လို့ သိရပါတယ် ။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီးလည်း ဒေသခံတစ်ဦးက " စစ်ရှောင်တွေ ထပ်စစ်ရှောင်ကြတယ်။ မိုးတွေကလည်း ရွာတော့ ထော်လဂျီတိမ်းမှောက်တာပေါ့။ စစ်ရှောင် (၃)ဦး ထိခိုက်တယ်။ တယောက်ကတော့ ဒဏ်ရာပြင်းတယ်။ ၂ယောက်ကတော့ သိပ်မပြင်းဘူး”  လို့လည်း ဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးရင်း အားလုံးဘေးကင်းကြပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Source & Photo Credit : Original Uploader 
Source & Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T