ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးပြိုင်လေလံဖြင့် တတိယအကြိမ် ဒေါ်လာ ၁၅ သန်း ထပ်မံရောင်းချ

//s9.kh1.co/e6/e67365fc43194af3856209d236f38d361c5e1f1b.jpg
နေ့စဉ်သတင်းများ

 ၂၁-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

စက်တင်ဘာလမှာ သုံးကြိမ်ခွဲ ရောင်းချတာဖြစ်ပြီး၊ တစ်လအတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၈ သန်းခန့် ရှိနေ.....

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် အမေရိကန်ဒေါ်လာ ၁၅ သန်းကို ပျမ်းမျှ ငွေလဲနှုန်း တစ်ဒေါ်လာကို ၁၇၅၀ ကျပ် သတ်မှတ်ပြီး စက်တင်ဘာ ၂၀ ရက်နေ့မှာ  ထပ်မံထုတ်ရောင်းချခဲ့ပါတယ်။

Photo Credit : Original Uploader
Photo Credit : Original Uploader

စက်တင်ဘာလအတွင်း လက်ရှိချိန်ထိ သုံးကြိမ်ခွဲ ရောင်းချတာဖြစ်ပြီး၊ တစ်လအတွင်း ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေရောင်းချမှုက စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၈ သန်းခန့် ရှိနေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ ၁၅ သန်း၊ ၁၅ ရက်နေ့မှာ အမေရိကန်ဒေါ်လာ ၈ သန်း အား ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။ သုံးကြိမ်လုံးမှာ လေလံအတွက် ပျမ်းမျှ ငွေလဲနှုန်းကို ၁၇၅၀ ကျပ် သတ်မှတ်ခဲ့ပါတယ်။

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : ABNA Photo
Photo Credit : ABNA Photo

နိုင်ငံခြားငွေလဲကောင်တာများတွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ကျပ် ၂၀၀၀ ဝန်းကျင်ဖြင့် စတင်ရောင်းချနေကြောင်း နိုင်ငံခြားငွေလဲ ကောင်တာများ ကြေညာထားချက်အရ သိရပါတယ်။

Photo Credit : Original Uploader
Photo Credit : Original Uploader

ကျန်ခဲ့တဲ့ သြဂုတ် ၂၅ ရက်တုန်းကလည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံနဲ့ ဒေါ်လာငါးသန်း ထပ်မံရောင်းချခဲ့ပြီး သြဂုတ်လအတွင်း ခုနစ်ကြိမ်ခွဲ၍ ဒေါ်လာ ၂၈ သန်းအထိ ရောင်းချထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရပါတယ်။

Source : Original Uploader

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T