စစ်သင်တန်းတက်ရောက်ပြီး လက်နက်ပစ္စည်းမပြည့်စုံသေးတာကြောင့် အခက်အခဲဖြစ်နေတာတွေကို ရင်ဖွင့်လာတဲ့ PDFလူငယ်တွေရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/94/946c2c19c0d41209b984aa6f82b1ac70a3858fc8.jpeg
နေ့စဉ်သတင်းများ

 ၂၀-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းက စတင်ခဲ့တဲ့ အရေးတော်ပုံကြီးမှာ မျိုးဆက်သစ်လူငယ်တွေဟာ ဦးဆောင်ခဲ့တာဖြစ်ပြီး အာဏာရှင်ကို ရရာလက်နက်ဆွဲတော်လှန်နေကြတာ ဖြစ်ပါတယ်။ အကြမ်းဖက်လုပ်ရပ်တွေကြောင့် တောထဲ လွတ်မြောက်နယ်မြေမှာ စစ်သင်တန်းတွေ တက်ရောက်ပြီး ကိုယ်ကျိုးစွန့်ကာ ပြည်သူတွေအတွက် အကျိုးပြုလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader

ပြည်တွင်းရှိ လူငယ်တွေသာမက အင်တိုက်အားတိုက်ကြိုးစားပါဝင်နေသလို ပြည်ပရောက်နေကြတဲ့ လူငယ်တွေဟာလည်း အရေးတော်ပုံကြီးအတွက် လွတ်မြောက်နယ်မြေမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သင်ကြားနေကြတာလည်း ရှိပါတယ်။ စိတ်ဓာတ်ခွန်အားတွေနဲ့ အခက်အခဲတွေကို အားတင်းပြီး ကြုံလာသမျှကို ရင်ဆိုင်ဖြတ်ကျော်နေပေမယ့် လက်နက်ပစ္စည်း မလုံလောက်မှုတွေလည်း ရှိနေကြတာ တွေ့ရပါတယ်။ 

Photo Credit - Ye Min (AAC) Fb Acc
Photo Credit - Ye Min (AAC) Fb Acc
Photo Credit - Ye Min (AAC) Fb Acc
Photo Credit - Ye Min (AAC) Fb Acc

လွတ်မြောက်နယ်မြေ စခန်းတစ်ခုမှာတော့ ထိုင်းပြန်တော်လှန်ရေးရဲဘော် PDF လူငယ်တွေ (၆၂)ယောက်ရှိပေမယ့် လက်နက်ကတော့ သုံးလေးလက်ပဲ ရှိပြီး လက်နက်အခက်အခဲတွေကို ဗီဒီယိုဖိုင်လေးနဲ့ အသိပေးပြောပြထားတာ ဖြစ်ပါတယ်။ 

စားစရာမလုံလောက်တဲ့အခါ ရှိတာလေးစားပြီး အားတင်းထားသလို အိပ်စရာနဲ့ ဆေးဝါးအခက်အခဲတွေကို အကောင်းဆုံးသည်းခံပြီး ကြိုးစားနေပေမယ့်လည်း လက်နက်ပစ္စည်း မလုံလောက်မှုတွေကတော့ တော်လှန်ရေးအတွက် တကယ်ကို အခက်တွေ့စေပါတယ်။ 

Photo Credit - Ye Min (AAC) Fb Acc
Photo Credit - Ye Min (AAC) Fb Acc

သတင်း အရင်းအမြစ်Ye Min (AAC) Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T