အမေ့၀မ်းဗိုက်မှာထဲက မွေးတောင်မမွေးရသေးဘဲ ခွဲစိတ်မှုကို ခံယူခဲ့ရတဲ့ သန္ဓေသားလောင်းလေး

//s9.kh1.co/58/5826812b3d396993c314b5f9ce63142037190dd7.jpg
ဗဟုသုတအဖြာဖြာ

 ၂၀-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ကိုယ်ဝန် ၂၈ ပတ်ဘဲ ရှိသေးပေမယ့်လည်း အမေ့ဝမ်းဗိုက်ထဲမှာကတည်းက ရောဂါကြောင့် ခွဲစိတ်မှု ခံယူခဲ့ရတဲ့ ရှားပါးဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ တရုတ်ပြည် တောင်ပိုင်း Guangdong ပြည်နယ်မှာဖြစ်ပါတယ်။ ၃၉နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ လူနာက လွန်ခဲ့တဲ့ ၆လတုန်းက ဒုတိယကိုယ်ဝန် ဆောင်ခဲ့ရပါတယ်။ ၂၁ ပတ်အကြာမှာတော့ ဓာတ်မှန်ရိုက်ရမှာ သန္ဓေသားလောင်း‌ေလးဟာ မွေးရာပါရောဂါ ပါလာပြီး ခွဲစိတ်ကုသမှ ဖြစ်မယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/86/862030c9a640a97ef222e20de4aa6a1b94d2dc03.jpg
https://s9.kh1.co/__image/w=650,h=434,q=100/a2/a2c65e61c1ec80730d2103ec5a9d7a634cfd7aa0.jpg

မွေးပြီးမှ ခွဲစိတ်မယ်ဆို အသက်ရှင်နိုင်ခြေ အရမ်းနည်းပါတယ်။ ကလေးအမေက ကလေးကိုမရရအောင် လိုချင်တယ်လိုပြောတဲ့အတွက် ဆရာဝန်တွေဟာ ဩစတေးလျက ကျွမ်းကျင်သူတွေနဲ့ interventional cardiology treatment ဆိုတဲ့ ခွဲစိတ်မှု ပြုလုပ်ခဲ့ရပါတယ်။ သန္ဓေသားလောင်းရဲ့ နှလုံးက သစ်ချသီးစေ့ထက်တောင် သေးတဲ့အတွက် နည်းနည်းလေး မှားရင်တောင် ထိခိုက်ပျက်စီးနိုင်ပါတယ်။

https://s9.kh1.co/__image/w=640,h=426,q=100/1a/1aaf8947e8336fbdc1111b22371de6f3cd181946.jpg
https://s9.kh1.co/__image/w=511,h=340,q=100/60/608b5fcd214687c7b1168b60b11f7a15468904e1.png

ဒါပေမယ့်လည်း ဆရာ၀န်တွေရဲ့ ကြိုးစားမှုကြောင့် ခွဲစိတ်မှု အောင်မြင်ခဲ့ပြီး လေးရက်အကြာမှာ ဆေးရုံက ဆင်းနိုင်ခဲ့ပါတယ်။ တရုတ်ပြည်က ဆရာဝန်တွေအတွက် ဒီလို ခွဲစိတ်မှုက ပထမဆုံးလည်းဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာလည်း ဒီလိုခွဲစိတ်ပေးနိုင်တဲ့ ဆေးရုံက ၁ဝရုံထက်မပိုဘူးလို့လည်း သိရှိရပါတယ်။ ကလေးလေးကလည်း တကယ်ကိုကံကောင်းပြီး အသက်ရှင်ခဲ့ပါတယ်။

သတင်း အရင်းအမြစ်Linda Ikeji's Blog

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T