ကိုဗစ်ကြောင့်သေဆုံးသွားတဲ့ခင်ပွန်းရဲ့ရုပ်အလောင်းကို နောက်ဆုံးအနေနဲ့ Qစင်တာရှေ့ထွက်ပြီး မြေပြင်ပေါ်မှာထိုင်ကန်တော့ခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့ဖြစ်ရပ်

//s9.kh1.co/00/008184e15d7be48daf3cf220336706c2089dbd96.jpeg
နေ့စဉ်သတင်းများ

 ၂၀-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ကိုဗစ်ကြောင့်သေဆုံးသွားတဲ့ခင်ပွန်းရဲ့ရုပ်အလောင်းကို နောက်ဆုံးအနေနဲ့ Qစင်တာရှေ့ထွက်ပြီး မြေပြင်ပေါ်မှာထိုင်ကန်တော့ခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့ဖြစ်ရပ်

လက်ရှိမှာဆိုရင် မြန်မာပြည်တွင်းမှာ ကိုဗစ်ကူးစက်ရောဂါအခြေအနေကလည်း အများအပြားမတိုးပွါးလာပေမယ့်အမြစ်ပြတ်ပျောက်ကွယ်မသွားသေးတာဖြစ်ပါတယ်။ဒါ့ကြောင့် ပြည်သူလူထုအနေနဲ့လည်း နှာခေါင်းစည်း Mask ကိုနှစ်ထပ်တပ်ပြီး လိုအပ်တဲ့အခါမှသာ အပြင်သို့ထွက်ကြတာဖြစ်ပါတယ်။ဒီလိုမျိုး ပြည်သူတွေက ကာကွယ်ဂရုစိုက်ကြလို့ ပိုးတွေ့မှုနှုန်းလည်း လျော့ကျလာသလို သေဆုံးနှုန်းလည်း နည်းပါးလာတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပေါင်းတည်မြို့မှာဆိုရင် ပရဟိတအဖွဲ့တွေနဲ့ စေတနာ့ဝန်ထမ်းတွေက ကိုဗစ်ကူးစက်ရောဂါအတွက် ဒေသခံပြည်သူတွေကိုစောင့်ရှောက်ပေးတာဖြစ်ပါတယ်။ပြည်သူတွေကို ကိုဗစ်ရောဂါရှိ၊မရှိလည်း စစ်ဆေးပေးကြပြီး ပိုးတွေ့တဲ့သူကိုဆိုရင် ဆေးရုံကိုပို့ဆောင်ပေးကြကာ ကျန်မိသားစုဝင်တွေကိုလည်း Quarantine ဝင်ခိုင်းတာဖြစ်ပါတယ်။လွန်ခဲ့တဲ့ရက်တွေက ပေါင်းတည်မြို့မှာ အမျိုးသားတစ်ဦး ကိုဗစ်ကူးစက်ရောဂါနဲ့ ဆေးရုံမှာတင်ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကွယ်လွန်သူအမျိုးသားရဲ့ ဇနီးကလည်း ဖြူစင်အလင်းရောင်မှာ Quarantine ဝင်နေခဲ့ရပါတယ်။ယောက်ျားဖြစ်သူသေဆုံးသွားပြီဆိုတဲ့သတင်းကို ကြားခဲ့ရတာကြောင့် သူမလည်း နောက်ဆုံးအနေနဲ့ Qစင်တာရှေ့ကနေ ရုပ်အလောင်းကိုကန်တော့ခဲ့တာဖြစ်ပါတယ်။နိဗ္ဗာန်ယာဉ်မောင်းသူကလည်း ဒီအခြေအနေကြောင့် ကားကိုဖြည်းဖြည်းလေးမောင်းပေးခဲ့တယ်လို့သိရပါတယ်။ခင်ပွန်းဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့ ကျန်ရစ်သူဇနီးသည်ရဲ့အဖြစ်အပျက်လေးကို စိတ်မကောင်းစွာနဲ့ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T