ပရီမီးယားလိဒ်ပွဲစဥ် (၅)ပွဲကစားပြီး အံ့သြထူးဆန်းစွာဖြင့် ပေးဂိုး၊ရဂိုးနဲ့ ရမှတ်တူညီနေခဲ့တဲ့ လီဗာပူးအသင်းနဲ့ ချဲလ်ဆီးအသင်း

//s9.kh1.co/73/73c20cc074e93e0539482d3c90ae633216058ace.jpg
အားကစားသတင်းများ

 ၂၀-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ပရီမီးယားလိဒ်ပွဲစဥ် (၅)ပွဲကစားပြီး အံ့သြထူးဆန်းစွာဖြင့် ပေးဂိုး၊ရဂိုးနဲ့ ရမှတ်တူညီနေခဲ့တဲ့ လီဗာပူးအသင်းနဲ့ ချဲလ်ဆီးအသင်း

စက်တင်ဘာလ (၁၈)ရက်နေ့ ညကတော့ လီဗာပူးအသင်းနဲ့ ခရစ်စတယ်ပဲလေ့အသင်းတို့ အန်ဖီးကွင်းမှာ ယှဥ်ပြိုင်ကစားခဲ့ကြပြီး လီဗာပူးအသင်းက (၃)ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ စက်တင်ဘာလ (၁၉)ရက်နေ့ မနေ့ညကတော့ ချဲလ်ဆီးအသင်းနဲ့ စပါးအသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ကြပြီး ကွင်းလယ်လူကန်တီက ခြေစွမ်းပြကာ ချဲလ်ဆီးအသင်းတို့ (၃)ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ချဲလ်ဆီးအသင်းနဲ့ လီဗာပူးအသင်းတို့ဟာ ပေးဂိုးလုံးဝမရှိဘဲ ရဂိုးတူညီစွာနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အံ့သြထူးဆန်းစွာဖြင့် လီဗာပူးအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ဟာ ယခုပွဲစဥ်မှ ရလဒ်တူညီနေတာမဟုတ်ဘဲ ပရီမီးယားလိဒ်ပွဲစဥ်တွေ စတင်ကစားတည်းက ရလဒ်တွေ တူညီနေခဲ့တာ ဖြစ်ပါတယ်။ ပရီမီးယားလိဒ်ပွဲစဥ်(၅ပွဲ)ကစားအပြီး လီဗာပူးအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ဟာ ထူးခြားဆန်းကြယ်စွာဖြင့် ပေးဂိုးတူ၊ ရဂိုးတူ၊ ရမှတ်တူညီနေခဲ့တာပဲ ဖြစ်ပါတယ်။လီဗာပူးအသင်းဟာ (၅)ပွဲကစားပြီး ရမှတ်(၁၃)မှတ် ရရှိခဲ့သလို ချဲလ်ဆီးအသင်းဟာလည်း ရမှတ် (၁၃)မှတ် ရရှိထားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ချဲလ်ဆီးအသင်းနဲ့ လီဗာပူးအသင်းတို့ဟာ ပရီမီးယားလိဒ်အဖွင့်ပွဲစဥ်မှာ ပြိုင်ဘက်ကိုယ်စီနဲ့ ယှဥ်ပြိုင်ခဲ့ကြပြီး (၃)ဂိုးပြတ်စီနဲ့ အနိုင်ရရှိခဲ့ကြသလို ဒုတိယပွဲစဥ်မှာ (၂)ဂိုးပြတ်စီ၊ တတိယပွဲစဥ်မှာ (၁)ဂိုး( ၁)ဂိုးနဲ့ သရေကျခဲ့တာ ဖြစ်ပါတယ်။ပွဲစဥ်(၄)မှာ သုံးဂိုးပြတ်စီ၊ ပွဲစဥ်(၅)မှာလည်း သုံးဂိုးပြတ်စီ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ဟာ ပေးဂိုးလည်း တစ်ဂိုးသာ ပေးထားရတာ ဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ လီဗာပူးနဲ့ ချဲလ်ဆီးအသင်းတို့ဟာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်နေကြပါတယ်။

Source :  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T