ကမ္ဘာပေါ်တွင် အကြီးဆုံးသော မြေအောက်လိုဏ်ဂူတွေထဲက တစ်ခုဖြစ်တဲ့ Majlis Al Jinn လိုဏ်ဂူဟာ အိုမန်နိုင်ငံ၊ ဆယ်လ် မာ ကုန်းပြင်မြင့်ရဲ့ ဝေးလံခေါင်ဖျားသော နေရာတွင် တည်ရှိပါတယ်။
ဒီလှိုဏ်ဂူကြီးရဲ့ တည်နေရာဟာ သွားလာရခက်ခဲတာကြောင့် သာမန်လူတွေလာရောက်ဖို့အတွက်က ခက်ခဲလှပါတယ်။
ဒီလှိုဏ်ဂူကြီးဟာ အလျား ၃၁၀ မီတာနဲ့ အနံ ၂၂၅ မီတာရှိပြီး ပုံစံက ခန်းမဆောင်ကြီးတစ်ခုလိုပါပဲ။
ဒါ့အပြင် ဂူကြီးရဲ့အမိုးကလည်း ခုံးတစ်ခုအသွင်ဖြစ်နေပြီး မီတာ ၁၂၀ လောက် မြင့်ပါတယ်။
ဒါ့အပြင် လိုဏ်ဂူကြီးရဲ့ အနက်ဆုံးနေရာဟာ အမိုးနဲ့ ၁၇၆ မီတာလောက်အကွာအဝေးရှိပါတယ်လို့ သိရပါတယ်။
သွားလာရခက်ခဲတာကြောင့် ဒီလှိုဏ်ဂူကြီးရှိတဲ့နေရာကိုတော့ အတွေ့အကြုံများတဲ့ တောင်တက်သမားတွေသာ လာရောက်နိုင်ပါတယ်။
နောက်ပိုင်းမှာတော့ လူအများလာရောက်လည်ပတ်လို့ ရစေဖို့အတွက် ခရီးလမ်းပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်လို့လည်း သိရပါတယ်။
သတင်း အရင်းအမြစ်៖ Wikipedia