စိတ်ကျရောဂါရှိနေတဲ့ လူတွေ ပြုလုပ်တက်လေ့ရှိတဲ့ အမူအကျင့် ၆ မျိုး

//s9.kh1.co/38/388d19e2652e54940caf2f73b8b04fa85ab25f3b.jpg
ဗဟုသုတအဖြာဖြာ

 ၂၀-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

Depression ဆိုတာလူတိုင်းဖြစ်နိုင်ပြီး တစ်ခါတစ်လေ ဖြစ်လို့ ဖြစ်နေမှန်းတောင် မသိနိုင်ပါဘူး။ သူ့ရဲ့လက္ခဏာတွေက သိပ်ပြီးသိသာ ထင်ရှားခြင်းမရှိဘဲ ကိုယ့်ကိုကိုယ် စိတ်ဓာတ်ကျလို့ကျနေမှန်းတောင် မသိနိုင်ပါဘူး။ ဒီတော့ ဒီအချက်အလက်လေးတွေ ဖတ်ကြည့်ပြီး ဆန်းစစ်ကြည့်လိုက်ရအောင်။

အလွန်အကျွံစားခြင်း သို့မဟုတ် လျော့နည်းစွာစားခြင်း

https://s9.kh1.co/__image/w=650,h=443,q=100/f5/f5df3ab4d30c124f56484e196c2382293225673a.jpg

လိုတာထက်ပိုစားတာ အကြောင်းအရင်း ၂ခုကြောင့်ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုကိုယ် ဂရုမစိုက်တာနဲ့ စိတ်ကျရောဂါကြောင့်ဘဲ ဖြစ်ပါတယ်။ စိတ်ဓာတ်ကျတဲ့လူအတွက် အစားအသောက်စားနေရတာ ပျော်ရွှင်မှုတစ်မျိုးဖြစ်ပြီး သူတို့တွေက လိုတာထက် ပိုစားတတ်ကြပါတယ်။ တချို့လူတွေအတွက်တော့ depression က စားသောက်ချင်စိတ်ကို လျော့နည်းစေပြီး နည်းနည်းပဲစားတာလည်း ဖြစ်တတ်ပါတယ်။

တခြားလူတွေကို ပိုမှီတွယ်တတ်ခြင်း

https://s9.kh1.co/__image/w=650,h=434,q=100/e6/e6e49b6c0634b384e07f5f3b2404248945c2448c.jpg

စိတ်ဓာတ်ကျနေတဲ့လူတွေက စိတ်ပိုင်းဆိုင်ရာပြသနာရှိတဲ့အတွက် သူတို့သံယောဇဉ်ရှိတဲ့လူတွေစီက အကူအညီပိုလိုတတ်ပါတယ်။ သူတို့ကိုနားလည်ပေးဖို့ လိုအပ်ပါတယ်။

သူတို့တွေက စိတ်ဓာတ်ကျနေပုံပေါ်မှာ မဟုတ်ပါဘူး

https://s9.kh1.co/__image/w=650,h=391,q=100/4b/4b6d66b005bc163ab1dd94448bdae2466e89cbf9.jpg

စိတ်ကျရောဂါရှိတဲ့လူတွေက အခန်းထဲက အခန်းပြင်မထွက်တဲ့ လူတွေမဟုတ်ပါဘူး။ သူတို့တွေက ပိုပြီးတော့တောင် မာကျောသလိုနေတတ်ကြပါတယ်။ သူတို့ကိုကြည့်ရင် သာမန်ထက်တောင်ပိုပြီး စိတ်ဓာတ်မာသလို ထင်နေရမှာပါ။

စိတ်အပြောင်းအလဲမြန်ခြင်း

https://s9.kh1.co/__image/w=650,h=434,q=100/18/182dd45a345dd4728ca8c9d7992af58cb91022c6.jpg

စိတ်အတက်အကျ မြန်ပြီး ပျော်လိုက် စိတ်ညစ်လိုက်နဲ့ ပြောင်းလဲနေတတ်ပါတယ်။

စိတ်ထိခိုက်လွယ်ခြင်း

https://s9.kh1.co/__image/w=650,h=434,q=100/33/334b48c677a727d1bd0daad4a96fe494d7f97626.jpg

သာမန်လူအတွက် ဘာမှမဟုတ်တဲ့ ကိစ္စပေမဲ့ သူတို့အတွက်ကတော့ လျှောက်တွေး လျှောက်စဉ်းစားပြီး ဘာမှမဟုတ်တဲ့ ကိစ္စလေးလည်း ပုံကြီးချဲ့တတ်ကြပါတယ်။

အမြဲတမ်း ပင်ပန်းတယ်လို့ ငြီးငြူနေတတ်ပါတယ်

https://s9.kh1.co/__image/w=650,h=488,q=100/0f/0f1bdfc9aeb0ecc41d7a9679ee37f154ed153d33.jpg

စိတ်ကျရောဂါရဲ့ လက္ခဏာတစ်ခုက ပင်ပန်းပြီး ငြီးငြူနေတတ်တာပါ။ ညဘက်အကြာကြီး အိပ်ထားပင်မဲ့လည်း မနက်ရောက်ရင် အိပ်ရေးမဝသလို ခံစားတတ်ရပါတယ်။

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T