CDM လုပ်ပြီး မုန့်တီမုန့်ဖတ်ရောင်းနေရင်းနဲ့ ဆိုင်ကယ်ရိုက်လုခံရလို့ ကွယ်လွန်သွားတဲ့ မီးရထားစက်ခေါင်းမှူးတစ်ယောက်ရဲ့ရင်နင့်စရာအဖြစ်

//s9.kh1.co/7b/7b94a7b74243355fdc712c91b4f5177d30653540.jpg
နေ့စဉ်သတင်းများ

 ၂၀-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

CDM လုပ်ပြီး မုန့်တီမုန့်ဖတ်ရောင်းနေရင်းနဲ့ ဆိုင်ကယ်ရိုက်လုခံရလို့ ကွယ်လွန်သွားတဲ့ မီးရထားစက်ခေါင်းမှူးတစ်ယောက်ရဲ့ရင်နင့်စရာအဖြစ်

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးတဲ့အချိန်ကစပြီး ပြည်သူတွေက ကိုယ်ယုံကြည်ရာလမ်းကို ရွေးချယ်လျှောက်လှမ်းခဲ့ကြတာ ဖြစ်ပါတယ် ။ ဓမ္မဘက်က ရပ်တည်ခဲ့ကြတဲ့ ပြည်သူ့ဝန်ထမ်းတွေကတော့ အာဏာရှင်ကိုဆန့်ကျင်တဲ့အနေနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ် ။ အခုလည်း CDM ပါဝင်ခဲ့တဲ့ စက်ခေါင်းမှူးတစ်ယောက် ကွယ်လွန်သွားတဲ့အဖြစ်ကို စိတ်မကောင်းစွာဘဲ ကြားသိရတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

သူကတော့ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းမီးရထားစက်ခေါင်းမှူးတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာကနေ CDM လုပ်ပြီး ဝန်ထမ်းလိုင်းခန်းကနေ ထွက်ပေးခဲ့သူ ဖြစ်ပါတယ် ။ အဲ့ဒီနောက်မှာတော့ သူက မန္တလေးမြို့ရှိ စျေးတစ်ခုမှာ မုန့်တီမုန့်ဖတ်တွေရောင်းချပြီး ဝမ်းရေးအတွက် ရိုးရိုးသားသား ရှာဖွေစားသောက်ခဲ့တာ ဖြစ်ပါတယ် ။ ဒါပေမဲ့ လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ သူ့အနေနဲ့ ဆိုင်ကယ်လုယက်ခံရပြီး မသမာသူလူတစ်စုရဲ့ရိုက်နှက်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

ဆိုင်ကယ်ကိုလုယူသွားရုံတင်မက လူကိုပါ ရိုက်နှက်သွားတာကြောင့် နစ်နာသူစက်ခေါင်းမှူးခမျာ ICU ထဲတွင် မေ့မြောနေရာကနေ အခုတော့ ဦးနှောက်သွေးခဲပြီး ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ မုန့်တီမုန့်ဖတ်ရောင်းပြီး ဘဝကိုဖြတ်သန်းရင်းနဲ့ ကွယ်လွန်သွားရတဲ့ စက်ခေါင်းမှူးရဲ့ရင်နင့်စရာအဖြစ်ကို ကြားလိုက်ရတဲ့အခါမှာတော့ အားလုံးက စိတ်မကောင်းဖြစ်ခဲ့ရတာ ဖြစ်ပါတယ် ။ စက်ခေါင်းမှူးနဲ့ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတစ်ချို့ကတော့ သူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာတွေကတစ်ဆင့် ဒီအကြောင်းကိုရေးသားပြောပြပြီး ဝမ်းနည်းနေကြတာလည်း တွေ့ရပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T