မဝင်းမော်ဦး ကျဆုံးခြင်း(၃၃)နှစ်ပြည့်အထိမ်းအမှတ်အတွက် လမ်းပေါ်ထွက်လာခဲ့တဲ့ သပိတ်စစ်ကြောင်းများ

//s9.kh1.co/30/30001a6c6bd9255f073a120e4bea24f24e0b9388.jpg
နေ့စဉ်သတင်းများ

 ၂၀-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ဘယ်လိုအကြောင်းတွေကြောင့်သပိတ်စစ်ကြောင်းတွေပြုလုပ်ခဲ့ကြလဲဆိုရင်တော့.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

၁၉၈၈ အရေးအခင်းကြီးကို စာဖတ်သူပရိတ်သတ်ကြီးအနေနဲ့ ကြားဖူးကြမှာပါ။ယမန်နေ့ စက်တင်ဘာ (၁၉) ရက်နေ့မှာ ထို အရေးအခင်းမှာ ကျဆုံးသွားတဲ့ မဝင်းမော်ဦး ကျဆုံးတာ (၃၃)နှစ်ပြည့်ခဲ့ပါပြီ။ မဝင်းမော်ဦးကို ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်း (မြောက်)၊ အရှေ့ရပ်ကွက်၊ အမှတ်(၃၅)၊ ပန်းပင်ကြီးလမ်းမှာ ၁၉၇၂ ခုနှစ်၊ နိုဝင်ဘာ (၁၅) ရက်၊ ဗုဒဟူးနေ့မှာ မွေးဖွားခဲ့ပါတယ်။ မိဘတွေဖြစ်ကြတဲ့ ဦးဝင်းကြူ၊ ဒေါ်ခင်ဌေးဝင်းတို့ရဲ့ သားသမီး (၆) ယောက်ထဲက အကြီးဆုံးသမီးဖြစ်ပါတယ်။ပြည်သူတရပ်လုံး တစ်ပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြတဲ့ ၁၉၈၈ခုနှစ်၊ အရေးတော်ပုံကာလမှာ သူမ ဟာ အလက (၄) ကြည့်မြင်တိုင်မှာ အဋ္ဌမတန်းပညာကို သင်ကြားနေတဲ့ ကျောင်းသူတဦးဖြစ်ပြီး ကျောင်းသား/သူတွေနဲ့ အတူပူးပေါင်း ချီတက်ဆန္ဒပြရာမှာ ပါဝင်ခဲ့ပါတယ်။

Photo Credit from Zaw Latt
Photo Credit from Zaw Latt

အာဏာသိမ်းခဲ့တဲ့ (၁၈.၈.၁၉၈၈)ရက်နေ့ ညနေမှာ တစ်အိမ်လုံးက မဝင်းမော်ဦးကို ချီတက်ဆန္ဒပြပွဲသို့မသွားရန် ဖျောင်းဖျခဲ့ကြပါတယ်။သို့ပေမယ့် သူမဟာ နောက်တစ်နေ့မနက်မှာ ကျောင်းခဏသွားမယ်၊ မျက်နှာပြပြီး ပြန်လာခဲ့ပါ့မယ်လို့ အိမ်ကိုပြောပြီး ချီတက်ဆန္ဒပြပွဲသို့ လိုက်ပါသွားခဲ့ပါတယ်။သူမ ရဲ့ မိခင်ဖြစ်သူက စိတ်ပူလို့ကျောင်းလိုက်သွားတဲ့အခါမှ ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံကိုင်ပြီး ချီတက်ဆန္ဒပြပွဲသို့ လိုက်သွားပြီဆိုတာ သိခဲ့ရပါတယ်။

Photo Credit from Zaw Latt
Photo Credit from Zaw Latt

သူမကို သေနတ်မှန်ခဲ့တဲ့နေရာဟာ ဆူးလေဘုရားလမ်းနဲ့ ကုန်သည်လမ်းထောင့် မီးပွိုင့်နားမှာဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးကို ဒေါက်တာဝင်းဇော် နဲ့ ဒေါက်တာစောလွင် တို့က ဒဏ်ရာရပြည်သူတွေကို ဆေးရုံကားနဲ့လိုက်ကယ်ရင်း ရောက်လာခဲ့တာပါ။ မဝင်းမော်ဦးကို အရေးပေါ်ခွဲစိတ်ကုသပေးခဲ့တဲ့ ဆရာဝန်ကြီးဒေါက်တာ ဦးညွန့်ဝင်းမြင့်နဲ့ မဝင်းမော်ဦး ဖခင်တို့တွေ့ခဲ့ကြတုန်းကတည်းက သူမ ဟာ အဆုတ်တစ်ခြမ်း ခွဲစိတ်ဖြတ်ထုတ်ပစ်လိုက်ရပြီး ဖြစ်နေပါပြီ။အရေးပေါ် လူနာပြုစုခန်းထဲမှာ မဝင်းမော်ဦးက သူ့ဖခင်ကိုတွေ့တွေ့ချင်း လက်အုပ်ချီ၊ မျက်ရည်တွေကျပြီး တောင်းပန်စကားဆိုခဲ့ပါတယ်။ ညနေ (၅း၁၅) နာရီလောက်မှာ သူမဟာ သူမ ရဲ့ ဖခင်ကို လက်ယပ်ခေါ်ပြီး "သမီးတို့တောင်းထားတဲ့ဒီမိုကရေစီမရမချင်းသမီးတို့ကိုအမျှမဝေပါဘူး "ဆိုတဲ့ကတိကိုတောင်းပြီး သိပ်မကြာခင် ညနေ (၅း၃၅) နာရီမှာ ကျဆုံးသွားခဲ့ပါတယ်။

Photo Credit from Zaw Latt
Photo Credit from Zaw Latt
Photo Credit from Zaw Latt
Photo Credit from Zaw Latt

ယမန့်နေ့ဟာ သူမ ကျဆုံးခြင်း (၃၃)နှစ်ပြည့်အထိမ်းအမှတ်ဖြစ်ပါတယ်။သူမ ဟာ ပြည်သူများရဲ့ အခုချိန်ထိ နှမြောတသနဲ့ လေးစားဂုဏ်ယူခြင်းကို ရရှိခဲ့တဲ့ သူရဲကောင်းဖြစ်ပါတယ်။သူမ ရဲ့ ရဲရင့်ပြောင်မြောက်စွာကျဆုံးခြင်း ကို လေးစားဂုဏ်ယူခြင်း နဲ့အောက်မေ့တမ်းတခြင်း အထိမ်းအမှတ်အတွက်ကျောင်းသားပြည်သူများက ပျောက်ကြား သပိတ်စစ်ကြောင်းများနဲ့ဂုဏ်ပြုခဲ့ကြပါတယ်။

Photo Credit from Zaw Latt
Photo Credit from Zaw Latt
Photo Credit from Revolution by heros
Photo Credit from Revolution by heros
Photo Credit from Spring Diary
Photo Credit from Spring Diary
Photo Credit from Myanmar Now
Photo Credit from Myanmar Now
Photo Credit from Myanmar Now
Photo Credit from Myanmar Now
Photo Credit from Myanmar Now
Photo Credit from Myanmar Now
Photo Credit from Spring Diary
Photo Credit from Spring Diary
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T