မိုးရွာကြီးထဲမှာ ဖြစ်သလိုထမင်းစားနေကြပြီး ဆင်းရဲပင်ပန်းမှုဒဏ်ကို အကောင်းဆုံးကျော်ဖြတ်နေကြတဲ့ KPDFတပ်ဖွဲ့ဝင်တွေရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/7f/7f6927edc1b5bc2c958a87dc88a5bbf0a299b782.jpg
နေ့စဉ်သတင်းများ

 ၂၀-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

မိုးရွာကြီးထဲမှာ ဖြစ်သလိုထမင်းစားနေကြပြီး ဆင်းရဲပင်ပန်းမှုဒဏ်ကို အကောင်းဆုံးကျော်ဖြတ်နေကြတဲ့ KPDFတပ်ဖွဲ့ဝင်တွေရဲ့ ဗီဒီယိုဖိုင်

မြန်မာလူငယ်လေးတွေကတော့ ရန်သူကို အမြစ်ပြတ်တိုက်ထုတ်ဖို့အတွက် လွတ်မြောက်နယ်မြေတစ်နေရာမှာ စစ်ရေးအပြင်းအထန်လေ့ကျင့်နေကြပါတယ်။ လက်နက်ပစ္စည်းမပြည့်စုံသေးတာကြောင့် တိုက်ပွဲမဝင်ဘဲ စစ်ရေးသာ လေ့ကျင့်နေရတဲ့ PDFလူငယ်တွေလည်းရှိသလို တိုက်ပွဲဆင်နွှဲနေတဲ့ PDFတပ်ဖွဲ့တွေလည်း ရှိကြပါတယ်။ အသက်ကိုတောင် စွန့်ပြီး တိုက်ပွဲဝင်နေကြတဲ့ PDFလူငယ်လေးတွေမှာလည်း စားဝတ်နေရေးကအစ အခက်အခဲတွေ များစွာရှိနေခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder

ယခုမှာတော့ KPDFတပ်ဖွဲ့ဝင်တစ်ဦးဟာ တောတောင်ထဲမှာ နေထိုင်စားသောက်နေရတဲ့ သူတို့ရဲ့ အခြေအနေကို ပြည်သူတွေသိရှိအောင် ဗီဒီယိုဖိုင်လေးတစ်ခု ချပြလာခဲ့ပါတယ်။ ဖြစ်သလိုစားသောက်နေရတဲ့ သူတို့ရဲ့လက်ရှိအခြေအနေကို ဗီဒီယိုရိုက်ကူးပြီး ပြသလာခဲ့ကာ KPDFတပ်ဖွဲ့ဝင်တွေဟာ မိုးရွာကြီးထဲမှာ မတ်တပ်ရပ်ပြီး ထမင်းတွေကို အမြန်စားနေကြတာပဲ ဖြစ်ပါတယ်။အချို့ PDFတပ်ဖွဲ့ဝင်တွေ ဆိုရင်လည်း မိုးရေတွေ ထမင်းပန်းကန်ထဲကျမှာစိုးတာကြောင့် မိုးကာတွေအုပ်ပြီး ထမင်းစားနေကြတာကို မြင်တွေ့ရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အဆိုပါKPDFတပ်ဖွဲ့ဝင်တစ်ဦးကတော့ " ဆင်းရဲမယ်။ ပင်ပန်းမယ်။ ငတ်မယ်။ ပြတ်မယ်။ အဲဒဏ်​တွေ မခံနိုင်ရင် အစကတည်းက ဘာတစ်ခုမှ မလုပ်နဲ့ " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ အဆိုပါKPDFတပ်ဖွဲ့ဝင်တွေအနေနဲ့ အားတင်းထားကြဖို့၊ အစစအရာရာဘေးကင်းကြစေဖို့ ပြည်သူတွေက ဆုတောင်းပေးနေကြပါတယ်။ တောထဲတစ်နေရာမှာ ဖြစ်သလို စားသောက်နေကြတဲ့ KPDFတပ်ဖွဲ့ဝင်တွေရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T