တောကြက်ဥတွေရောင်းနေရတဲ့အဘကို ဘေးလူတွေပါဝမ်းသာအားရဖြစ်အောင် ကူညီပေးခဲ့တဲ့ ပြည်သူတစ်ဦး

//s9.kh1.co/21/21826f4f3d62c3535351f07d3bace30f3369be22.png
နေ့စဉ်သတင်းများ

 ၁၉-စက်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

မရှိနွမ်းပါးသူတွေကိုအမြဲလိုလိုကူညီပေးနေတဲ့ ပရဟိတအကျိူးတော်ဆောင်ကိုပူတူးဟာ ဒီနေ့မှာလည်း စျေးထဲမှာတောကြက်ဥတွေရောင်းနေရတဲ့ အဘအတွက် တောကြက်ဥတွေအားလုံးဝယ်ပြီးတဲ့အပြင် ငွေကျပ်ငါးသောင်းလည်း ကူညီပေးခဲ့ပါတယ်။ အခုလိုအကျပ်အတည်းကာလမှာ ငွေတစ်ထောင်ကအစအရေးကြီးတာမို့ ဒီလိုကူညီပေးတဲ့အပေါ် အဘကလည်း အရမ်းပျော်ရွှင်နေခဲ့ပါတယ်။

Photo Credit - ArrPuu Tuu's FB Acc
Photo Credit - ArrPuu Tuu's FB Acc

ကိုယ်တိုင်လည်းလေဖြတ်ထားသလို နေမကောင်းတဲ့ ဇနီးဖြစ်သူအတွက်လည်း ဆေးဝယ်နိုင်တော့မှာမို့ အရမ်းဝမ်းသာတဲ့အကြောင်း ပြောပြသွားခဲ့ပါသေးတယ်။ ကိုပူတူးရဲ့အလှုအတွက် အဘဘေးမှာရှိတဲ့ အမျိုးသမီးတစ်ယောက်ကလည်း ဝမ်းသာအားရနဲ့ အဘအတွက်ပျော်နေတဲ့အကြောင်း ကိုပူတူးက ပြောခဲ့ပါသေးတယ်။

Photo Credit - ArrPuu Tuu's FB Acc
Photo Credit - ArrPuu Tuu's FB Acc

တစ်နေ့လုံး နေရာစုံသွားပြီးရောင်းနေပေမယ့် အဆင်မပြေတဲ့အဘဟာ ကိုပူတူးကြောင့် အခက်အခဲတွေပြေလည်သွားခဲ့ပြီး ပျော်ပျော်ရွှင်ရွှင်အိမ်ပြန်သွားနိုင်ခဲ့တာ ကျေနပ်စရာပါ။ ဆင်းရဲနွမ်းပါးသူတွေကို အခုလိုကူညီပေးတဲ့ကိုပူတူးကိုလည်း ပြည်သူတွေက ကျေးဇူးတင်စကားတွေကို မှတ်ချက်ပေးခဲ့ကြပါတယ်။

Photo Credit - ArrPuu Tuu's FB Acc
Photo Credit - ArrPuu Tuu's FB Acc

သတင်း အရင်းအမြစ်ArrPuu Tuu's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T