စစ်ရှောင်စခန်းအနီးမှာ တိုက်ပွဲဖြစ်ပွားလာတာကြောင့် အထုပ်အပိုးတွေသယ်ပြီး ဘယ်ဆီကို ထွက်ပြေးရမှန်း မသိဖြစ်နေတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ စိတ်မကောင်းစရာအဖြစ်

//s9.kh1.co/42/42ce8bb640d43dddcabc0ee714b56ea99aa10213.jpg
နေ့စဉ်သတင်းများ

 ၁၉-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမှာ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့အကြား ထိတွေတိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။ အဆိုပါတိုက်ပွဲတွေကြောင့် ရာနဲ့ချီတဲ့ ဒေသခံပြည်သူ အများအပြားဟာ ထွက်ပြေတိမ်းရှောင်ခဲ့ပါတယ်။ ယခုမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်ရှိ နောင်လျှော်ကျေးရွာမှာရှိတဲ့ စစ်ရှောင်စခန်းက ပြည်သူရဲ့ စိတ်မကောင်းစရာ သတင်းတစ်ခုကို ကြားသိရပါတယ်။

Photo Credit - SHANBurmese
Photo Credit - SHANBurmese
Photo Credit - SHANBurmese
Photo Credit - SHANBurmese

ဒါကတော့ စတင်ဘာလ(၁၉)ရက် နေ့လည် (၁၂)နာရီလောက်မှာ စစ်ရှောင်စခန်းအနီးအနားမှာ တိုက်ပွဲတွေဖြစ်ပြီး လက်နက်ကြီး ၊ လက်နက်သံတွေကြားရတာကြောင့် စစ်ရှောင်စခန်းမှာ မနေရဲတော့ဘဲ ပစ္စည်းများသိမ်းပြီး တခြားနေရာရှောင်ရန် အတွက် ပြင်ဆင်ခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပြည်သူတွေဟာ ဘယ်ဆီကို ထွက်ပြေးရမှန်းမသိ ဖြစ်နေပြီး အခက်အခဲတွေကြုံတွေ့ နေရပါတယ်။ တချို့ပြည်သူတွေကတော့ အနီးအနားက ဘုန်းတော်ကြီးကျောင်းတွေမှာ ခဏတာခိုလှုံနေကြတယ်လို့ ကြားသိရပါတယ်။

Photo Credit - SHANBurmese
Photo Credit - SHANBurmese
Photo Credit - SHANBurmese
Photo Credit - SHANBurmese

စိုးရိမ်ပူပန်စွာနဲ့ စစ်ဘေးရှောင်လာရတဲ့ ပြည်သူတွေရဲ့ မြင်ကွင်းတွေကတော့ တကယ့်ကို စိတ်မကောင်းစရာဖြစ်ရပါတယ်။ စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေထဲမှာ ကလေးငယ် (၁၈၀)လောက် နဲ့ ကိုရင်အပါး (၄၀) လောက်လည်း ပါဝင်တယ်လို့ သိရပါတယ်။ လက်ရှိမှာ အခက်အခဲဖြစ်နေကြတဲ့ စစ်ဘေးရှောင်တွေကို တအောင်းလူမှုကူညီရေးအသင်းက အဝတ်အထည်တွေ ကူညီနေပေမယ့် စားနပ်ရိက္ခာအခက်အခဲရှိတယ်လို့ သိရပါတယ်။

Photo Credit - SHANBurmese
Photo Credit - SHANBurmese
Photo Credit - SHANBurmese
Photo Credit - SHANBurmese

သတင်း အရင်းအမြစ်Source - SHANBurmese

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T