မကြာမီပြန်လည်ဖွင့်လှစ်သွားတော့မယ့် ကမ္ဘာလှည့်ခရီးသွားတွေစိတ်ဝင်စားရာ ဘာလီကျွန်း

//s9.kh1.co/52/52fb501f3dc1d811653cbea2aea9a70bbbc6f28b.jpg
နေ့စဉ်သတင်းများ

 ၁၉-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

အင်ဒိုနီးရှားနိုင်ငံက နာမည်​ကြီးဘာလီကျွန်းကတော့ လာမယ့်အောက်တိုဘာလအတွင်းမှာ ပြန်လည်ဖွင့်လှစ်သွားတော့မယ်လို့သိရပါတယ်။

Covid-19 ရောဂါကပ်ဆိုးကြောင့် အချိန်တော်တော်ကြာကြာ ပိတ်ထားခဲ့ရတဲ့ ဒီဘာလီကျွန်းဟာ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ ကျွန်း​တစ်ကျွန်းပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=435,q=100/15/15a1605b3a1e560f9a0d518627ecc05d5f347dc7.jpg

ဘာလီကျွန်းဟာ နှစ်စဥ်လာရောက်လည်ပတ်သူတွေလည်း သန်းပေါင်းများစွာရှိသလို အပန်းဖြေစရာနေရာတွေလည်း များစွာရှိတဲ့ ကျွန်းတစ်ကျွန်းပဲ ဖြစ်ပါတယ်။

အင်ဒိုနီးရှားက တာဝန်ရှိသူတွေအနေနဲ့လည်း နိုင်ငံအတွင်းမှာ Covid-19 ရောဂါပိုးကူးစက်မှုနှုန်း ပြန်လည်ကျဆင်းလာတာကြောင့် အခုလိုပြန်လည်ဖွင့်လှစ်ဖို့ စီစဥ်နေတာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/2d/2dff0577394dbc35bece5af24543ce3133d02a51.jpg

ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံအတွင်းက အခြားသော အပန်းဖြေရာနေရာတွေကိုလည်း နောက်လထဲမှာ ပြန်လည်ဖွင့်လှစ်သွားဖို့လည်း ရှိနေပါသေးတယ်။

လက်ရှိမှာဆိုရင်လည်း အင်ဒိုနီးရှားနိုင်ငံအတွင်းမှာ Covid-19 ရောဂါပိုးကူးစက်မှုအခြေအနေဟာ သိသိသာသာလျော့နည်းလာနေပြီလို့လည်း သိရပါတယ်။

https://s9.kh1.co/__image/w=650,h=445,q=100/0f/0fdffcd95e4eae8339466daf6b0ade07de59b8e1.png
https://s9.kh1.co/__image/w=650,h=353,q=100/e2/e21abf7fdee69d441abc97c82804ba9f17ff0469.jpg

သတင်း အရင်းအမြစ်Reuters

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T