တန်းတက်အသင်းလေးဖြစ်တဲ့ ဘိုချမ်အသင်းဘက်ကို (၇)ဂိုးအထိ သွင်းယူခဲ့ပြီး အိမ်ကွင်းမှာ ဂိုးမိုးရွာသွန်းခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်း

//s9.kh1.co/a4/a4e63eab47d1f30c4664d07ca3026ca3e5c4a2af.jpg
အားကစားသတင်းများ

 ၁၉-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

တန်းတက်အသင်းလေးဖြစ်တဲ့ ဘိုချမ်အသင်းဘက်ကို (၇)ဂိုးအထိ သွင်းယူခဲ့ပြီး အိမ်ကွင်းမှာ ဂိုးမိုးရွာသွန်းခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်း

စက်တင်ဘာလ (၁၈)ရက်နေ့ မနေ့ညကတော့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ တန်းတက်အသင်းဖြစ်တဲ့ ဘိုချမ်အသင်းတို့ ဘွန်ဒက်လီဂါပွဲစဥ်အဖြစ် ယှဥ်ပြိုင်ကစားခဲ့ပါတယ်။ သူတို့ရဲ့ အိမ်ကွင်းမှာ ကစားခဲ့ကြတာဖြစ်ပေမယ့် ဘိုင်ယန်အသင်းကတော့ တစ်နေရာလောက်သာ အပြောင်းအလဲလုပ်ခဲ့ပြီး တောင့်တင်းတဲ့လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပါတယ်။ စတင်ကစားချိန်မှာတော့ ဘိုင်ယန်အသင်းဟာ ဘိုချမ်အသင်းကို အပြတ်အသတ်အသာရရှိခဲ့ပြီး ဂိုးတွေများစွာလည်း သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ဘိုင်ယန်မြူးနစ်အသင်းကတော့ တန်းတက်အသင်းလေးဖြစ်တဲ့ ဘိုချမ်အသင်းကို (၇)ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပဲ ဖြစ်ပြီး ပထမပိုင်းမှာတင် (၄)ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာလည်း ဘိုင်ယန်မြူးနစ်အသင်းဟာ (၃)ဂိုးထပ်သွင်းယူခဲ့တာ ဖြစ်ပြီး ပွဲပြီးဆုံးချိန်မှာတော့ (၇)ဂိုး ဂိုးမရှိ ရလဒ်ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဘိုင်ယန်အသင်းဟာ ယခုပွဲမတိုင်မီ Hertha BSC အသင်းကို (၅)ဂိုးပြတ်၊ဘာစီလိုနာအသင်းကို (၃) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့သေးတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ဘိုချမ်အသင်းနဲ့ ပွဲစဥ်မှာ ပွဲထွက်ကစားတဲ့ ဘိုင်ယန်တိုက်စစ်မှူးတွေဖြစ်ကြတဲ့  လီဝန်ဒေါ့စကီး၊ ဆာနေး နဲ့ ဂါနာဘီတို့က တစ်ယောက်တစ်ဂိုးစီ သွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးအသင်းကတော့ ယခုနိုင်ပွဲကြောင့် ဘွန်ဒက်လီဂါအမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာကို ရောက်သွားခဲ့ပြီဖြစ်ကာ ဘိုချမ်အသင်းကတော့ အဆင့်( ၁၇) နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ ဘိုင်ယန်အသင်းကတော့ လာမယ့်ပွဲစဥ်မှာ Greuther Furth အသင်းနဲ့ ယှဥ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။

Source :  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T