တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပြီး ဒေသခံပြည်သူတွေကတော့ ကြောက်ကြောက်လန့်လန့်နဲ့ နေထိုင်နေရပါတယ်။ စက်တင်ဘာလ(၁၈)ရက်နေ့ မနေ့ကတော့ မြန်မာပြည်သူတွေအတွက် အလွန်ဝမ်းနည်းကြေကွဲရတဲ့ နေ့လေးတစ်နေ့ပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ အာဏာရှင်လူတစ်စု ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေက ပြည်သူတွေရဲ့ နေအိမ်တွေကို ထိမှန်ပြီး မီးလောင်ပျက်စီးနေခဲ့တာပဲ ဖြစ်ပါတယ်။
နေအိမ်တွေ မီးလောင်ပျက်စီးနေတာကြောင့် မီးငြိမ်းသတ်ဖို့ကြိုးစားတဲ့ ထန်တလန်မြို့က ဓမ္မအမှုဆောင် pastor Cung Biak Hum ဟာလည်း သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း သိရှိရပါတယ်။လက်နက်ကြီးတွေ ကျရောက်မှုကြောင့် ထန်တလန်မြို့က ပြည်သူတွေရဲ့ နေအိမ် (၂၀)လုံးခန့် မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ ချွေးနည်းစာပိုက်ဆံတွေနဲ့ ဆောက်လုပ်ထားတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေ မီးလောင်ပျက်စီးသွားခဲ့တာ ဖြစ်ပြီး ည(၇)နာရီအကျော်မှာ မီးပြန်လည်ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။
လက်နက်ကြီးတွေ ကျရောက်မှုကြောင့် ထန်တလန်မြို့၊ Sianginn Sang ရပ်ကွက်က နေအိမ်အချို့ မီးလောင်ပျက်စီးနေတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက်စာမျက်နှာထက် ထွက်ပေါ်လာခဲ့ပါတယ်။ ပြည်သူတွေကတော့ ရင်နင့်စရာကောင်းတဲ့ အဆိုပါဗီဒီယိုဖိုင်လေးကို ကြည့်ပြီး အလွန်စိတ်မကောင်းဖြစ်ကာ ဝမ်းနည်းဒေါသထွက် နေကြပါတယ်။ ချင်းပြည်နယ်၊ ထန်တလန်မြို့က အပြစ်မဲ့ပြည်သူတွေရဲ့ နေအိမ်တွေ မီးလောင်ပျက်စီးနေတဲ့ စိတ်မကောင်းစရာ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ် ။
Source : Original Uploder