မော်ဒယ်လ်သရုပ်ဆောင်အဖြစ် ပရိသတ်တွေအားပေးလက်ခံကြတဲ့ စူးရှထက်ကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတစ်ယောက်အနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ အားလုံးနဲ့အတူရပ်တည်ကာ လှုပ်ရှားမှုတွေ ပြုလုပ်နေသူပဲ ဖြစ်ပါတယ်။ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေနဲ့ လှူဒါန်းမှုတွေမှာပါ အဖက်ဖက်ကနေ ပြည်သူတွေနဲ့အတူ ပါဝင်အားဖြည့်နေတဲ့ စူးရှထက်ကတော့ ငွေကြေးတွေအပြင် ငွေအင်အားလူအင်အားနဲ့ အင်တိုက်အားတိုက်ပါဝင်နေတာကိုတွေ့ရပါတယ်။
မကြာသေးခင်ရက်ပိုင်းအတွင်းကလည်း ကာလဒါန အလှူအဖြစ် ခက်ခဲနေတဲ့ ပြည်သူများအတွက် အဆင်ပြေစေရန် ရည်ရွယ်ပြီး ဟင်းသီးဟင်းရွက်များကို သူမရဲ့ ဆိုင်ရှေ့မှာ လူတန်းစားမရွေး ပေးဝေလှူဒါန်းခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒီကနေ့မှာဆိုရင်လည်း စူးရှထက်ဟာ မြင်ရသူတိုင်းစိတ်ကြည်နူးပီတိဖြစ်စရာကောင်းတဲ့ အလှူလေးတစ်ခုကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။
သူမရဲ့အထည်ဆိုင်ရှေ့လေးထိလာရောက်ပြီး စား၀တ်နေရေးခက်ခဲနေတာကြောင့် အကူအညီလာတောင်းရှာတဲ့ အန်တီတစ်ယောက်ကို ငွေကြေးအချို့နဲ့ ဆန်ဆီလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ နိုင်ငံရေးအခြေအနေတွေနဲ့ ငွေဈေးနှုန်းမြင့်တက်မှုတွေကြောင့် ပြည်သူတွေခမျာမှာလည်း စီးပွားရေးတွေကြပ်တည်းနေကြရတာပါ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Sue Sha Htet's Facebook acc