မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဘုရားပရ ၀ုဏ်တွေထဲအထိရေတွေ၀င်နေကာ ရေတိုက်စားမှုခံနေရတဲ့ ကမ္ဘာ့သမိုင်း၀င်ပုဂံဘုရားများ

//s9.kh1.co/33/33832f9e7874aad2c41e5f1d105aeafa068e8901.jpg
နေ့စဉ်သတင်းများ

 ၁၈-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေအရမိုးနှောင်းကာလလည်းဖြစ်တာကြောင့် နေရာအနှံ့အပြားမှာ မိုးသည်းထန်စွာရွာသွန်းနေပြီး မြစ်ရေတက်မှုတွေအပြင် ရေကြီးရေလျှံမှုတွေပါ ဖြစ်ပေါ်နေတာတွေ့ရပါတယ် ။ ယမန်နေ့ညမှာဆိုရင်လည်း မြန်မာနိုင်ငံနေရာအတော်များများမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေကာ မြို့ပေါ်ရပ်ကွက်တွေအထိ ရေလွှမ်းမှုတွေဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ရခိုင်ပြည်နယ်တို့ဘက်မှာ မိုးကြီးနိုင်ကြောင်း မိုးလေ၀သသတင်းထုတ်ပြန်ချက်တွေကိုလည်း တွေ့ရပါတယ် ။ အလယ်ပိုင်းဒေသတွေမှာ နေ့စဉ်ရက်ဆက်မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် အထူးသဖြင့်ပုဂံဒေသတွေမှာ ရေနစ်မြုပ်မှုတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။ ပုဂံရှိလူနေရပ်ကွက်တွေမှာသာမက ပုဂံဘုရား၀န်းတွေထဲအထိပါ ရေတွေအိုင်နေတာကိုတွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

ဘုရားပရ၀န်တွေအထဲထို ရေတွေမြုပ်နေတာကြောင့် ဘုရားစေတီအချို့လည်းရေတိုက်စားမှုခံနေရပြီး မြို့နေပြည်သူလူထုကလည်း ရေတွေအမြန်ဆုံးခပ်ထုတ်နိုင်ဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။ ရေတွေဟာ ဒူးဆစ်တွေမြုပ်တဲ့အထိ အိုင်နေတာကြောင့် အမြန်ခပ်ထုတ်ဖို့အခက်တွေ့နေကြတာလည်း တွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T