ထိုင်းမင်းသားချော Mark Prin နဲ့ မင်းသမီးချော Bow Maylada တို့ဟာ ဒရမ်မာကားသစ် “Tai Ngao Tawan” မှာ အတူသရုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အတည်ပြုလိုက်ပါပြီ။
Mark Prin ထိုင်မင်းသားချောလေးက ထိုင်းနိုင်ငံမှာသာမက အာရှတစ်ဝှမ်းမှာလဲ နာမည်ကြီးရေပန်းစားတဲ့ မင်းသားတစ်ဦးပါ။ ထိုင်းနိုင်ငံက မော်ဒယ်သရုပ်ဆောင်ဖြစ်ပြီး သူ့ရဲ့ဇာတ်လမ်းတွဲတွေကိုလည်း လူကြိုက်များကြပါတယ်။ မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးခဲ့တဲ့ "My Husband In Law” drama နဲ့ မြန်မာပရိတ်သတ်တွေရဲ့ တခဲနက်အားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
Bow Maylada မင်းသမီးချောလေးကတော့ “London Sweeties” ဆိုတဲ့ ရုပ်ရှင်ကို ရိုက်ကူးခဲ့ပြီးတဲ့နောက်မှာ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို စတင်ရရှိလာခဲ့သူပဲ ဖြစ်ပါတယ်။
သူမရဲ့ ပထမဆုံး ရုပ်ရှင် ဖြစ်တဲ့ London Sweeties ရဲ့ ဇာတ်ဝင်ခန်းတစ်နေရာကြောင့် သူမကို မြန်မာပြည်မှာဆိုရင် “အိုးခိုင်မော့လေး” ဆိုပြီး လူသိများကြပါတယ်။
ဒရမ်မာပရိုဂျူဆာ Nok Jariya က သူမထုတ်လုပ်မယ့် ဒရမ်မာကားသစ်ဟာ “Tai Ngao Tawan” ဖြစ်ကြောင်း အတည်ပြုရင်း သရုပ်ဆောင်တွေပါ ပြောပြပေးခဲ့တာပါ။ Mark Prin နဲ့ Bow Maylada တိုဟာ ဒီဒရမ်မာကားသစ်မှာ ပထမဦးဆုံးအကြိမ်အဖြစ် အတူတွဲ သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။
“Tai Ngao Tawan” ဒရမ်မာကားထဲမှာ မင်းသမီး Bow Maylada က ပြီးပြည့်စုံပြီး လှပကျော့ရှင်းတဲ့ မိန်းကလေး ‘Pareena’ အဖြစ် သရုပ်ဆောင်မှာဖြစ်ပြီး Mark Prin ကတော့ ဆယ်ကျော်သက် အရွယ်တည်းက နိုင်ငံခြားမှာ ပညာသင်ကြားနေတဲ့ Korn အဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။