တိုက်ပွဲမှာ လက်နက်ကြီးထိမှန်ပြီး ကျဆုံးသွားတဲ့ တပ်ကြပ်ကြီးဦးနားရယ်ရဲ့ဈာပနာကို ဝမ်းနည်းစွာ လိုက်ပါပို့ဆောင်ခဲ့ရတဲ့ ရဲဘော်တွေရဲ့ပုံရိပ်များ

//s9.kh1.co/36/3676af38fa0c7deaf6088575852754be420fb96c.jpg
နေ့စဉ်သတင်းများ

 ၁၈-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

တိုက်ပွဲမှာ လက်နက်ကြီးထိမှန်ပြီး ကျဆုံးသွားတဲ့ တပ်ကြပ်ကြီးဦးနားရယ်ရဲ့ဈာပနာကို ဝမ်းနည်းစွာ လိုက်ပါပို့ဆောင်ခဲ့ရတဲ့ ရဲဘော်တွေရဲ့ပုံရိပ်များ

ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၇) ရက်နေ့ကတော့ ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်ရှိ ဒေါပိုးစီကျေးရွာနဲ့ (၆)မိုင်စံပြကျေးရွာအနီးအနားမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ် ။ အာဏာသိမ်းလက်နက်ကိုင်အဖွဲ့နဲ့ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ပွဲမှာ ကရင်နီတပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) တို့က အတူတကွပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ် ။ ဒီတိုက်ပွဲမှာ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ကိုရင်းပြီး ရဲရဲဝံ့ဝံ့ပါဝင်ခဲ့တဲ့ သူရဲကောင်းကြီးတစ်ယောက် ကျဆုံးသွားခဲ့ရတာလည်း ဖြစ်ပါတယ် ။

Photo Credit-"Karenni Nationalities Defense Force -KNDF Hpruso Zone" FB Page

အဲ့ဒီသူရဲကောင်းရဲ့နာမည်က ဦးနားရယ်ဖြစ်ပြီး ကရင်နီတပ်မတော်မှ တာဝန်ထမ်းဆောင်နေတဲ့ တပ်ကြပ်ကြီးတစ်ဦးပဲ ဖြစ်ပါတယ် ။ သူရဲကောင်းဦးနားရယ်က တိုက်ပွဲမှာ လက််နက်ကြီးထိမှန်တဲ့ ဒဏ်ရာကြောင့် စက်တင်ဘာလ (၁၇) ရက်နေ့မှာ ကျဆုံးသွားခဲ့ရတာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် ဒီနေ့မှာတော့ ရဲဘော်တွေက တပ်ကြပ်ကြီး ဦးနားရယ်ရဲ့စျာပနပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-"Karenni Nationalities Defense Force -KNDF Hpruso Zone" FB Page
Photo Credit-"Karenni Nationalities Defense Force -KNDF Hpruso Zone" FB Page
Photo Credit-"Karenni Nationalities Defense Force -KNDF Hpruso Zone" FB Page
Photo Credit-"Karenni Nationalities Defense Force -KNDF Hpruso Zone" FB Page
Photo Credit-"Karenni Nationalities Defense Force -KNDF Hpruso Zone" FB Page
Photo Credit-"Karenni Nationalities Defense Force -KNDF Hpruso Zone" FB Page

ရဲဘော်တွေက တပ်ကြပ်ကြီး ဦးနားရယ်ရဲ့စျာပနပွဲကို လွမ်းသူ့ပန်းခွေတွေ ကိုင်ဆောင်ပြီး ဝမ်းနည်းစွာဖြင့် လိုက်ပါပို့ဆောင်ခဲ့ရတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ရဲဘော်တွေက သူရဲကောင်းကြီးရဲ့ရုပ်အလောင်းကို ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးပြီး အလေးပြုနှုတ်ဆက်ခဲ့ကြတာ ဖြစ်ပါတယ် ။ ဒီမော့ဆိုမြို့နယ်၊ ဒေါပိုးစီကျေးရွာနဲ့ စံပြ(၆)မိုင်ကျေးရွာအကြားတိုက်ပွဲမှာ အသက်ပေးခဲ့ရတဲ့ ကရင်နီတပ်မတော်မှ တပ်ကြပ်ကြီး ဦးနားရယ်ရဲ့စျာပနပွဲအခမ်းအနားက ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-"Karenni Nationalities Defense Force -KNDF Hpruso Zone" FB Page

Photo Credit-"Karenni Nationalities Defense Force -KNDF Hpruso Zone" FB Page
Photo Credit-"Karenni Nationalities Defense Force -KNDF Hpruso Zone" FB Page
Photo Credit-"Karenni Nationalities Defense Force -KNDF Hpruso Zone" FB Page
Photo Credit-"Karenni Nationalities Defense Force -KNDF Hpruso Zone" FB Page
Photo Credit-"Karenni Nationalities Defense Force -KNDF Hpruso Zone" FB Page
Photo Credit-"Karenni Nationalities Defense Force -KNDF Hpruso Zone" FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T