Asian Artist တွေထဲ ပထမဦးဆုံး ကမ္ဘာ့ကုလသမဂ္ဂ SDG သံအမတ် ဖြစ်လာတဲ့ BLACKPINK

//s9.kh1.co/68/68219debdc0970c2b074a2d777020cd43e2249ab.jpg
အနုပညာရှင်များ

 ၁၈-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

BLACKPINK ရဲ့ အောင်မြင်မှုကြီးဟာဆိုရင်တော့ဖြင့်..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

BLACKPINK လို့ ပြောလိုက်တာနဲ့ Kpop လောကမှာ အောင်မြင်ကျော်ကြားပြီး ချစ်ခင်အားပေးသူများတဲ့ Girl Group ဆိုတာ သိကြမှာပါနော်။သူတို့အဖွဲ့ ဟာဆိုရင် လူငယ်တွေသာမက လူကြီးတွေပါ သဘောကျ အားပေးရတဲ့အထိကို အောင်မြင်ကြပါတယ်။အဖွဲ့ဝင် အနေနဲ့ Jisoo , ROSÉ , Lisa , Jennie ဆိုတဲ့(၄)ယောက်ရှိပြီး ပရိတ်သတ်တွေကလည်း ဒီ(၄)ယောက်လုံးကို အလွန်အမင်း ချစ်ခင်ပေးကြတာ ကြောက်ခမန်းလိလိပါပဲ။

Photo Credit From Blackpink
Photo Credit From Blackpink

ဒါ့အပြင် ယနေ့ စက်တင်ဘာ (၁၈)ရက်နေ့ မှာလည်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် António Guterres က BLACKPINKကို SDGs သံအမတ် (၁၇) ဦး ထဲက တစ်ဦးအဖြစ် ခန့်အပ် ကြေညာလိုက်ပါတယ်။ ဒီ (၁၇) ဦး ထဲမှာ BLACKPINK အပါအဝင် Ghana သမ္မတ Nana Addo Dankwa, ဘယ်(လ်)ဂျီယံ ဘုရင်မ Mathilde, Norwayဝန်ကြီးချုပ် Erna Solberg အစရှိတဲ့ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ လွှမ်းမိုးမှုရှိကြတဲ့ လူပုဂ္ဂိုလ် (၁၇) ဦးကို ခန့်အပ် ပေးထားတာ ဖြစ်ပါတယ်။ BLACKPINKက အာရှလူမျိုးအနုပညာရှင်တွေထဲ ပထမဆုံးအနေနဲ့ ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit From Blackpink
Photo Credit From Blackpink

UN အထွေထွေ အတွင်းရေးမှူးချုပ်က " ယခု ဒီ SDG projectကို ထောက်ခံအားပေးထားကြတဲ့ လူပုဂ္ဂိုလ် (၁၇) ဦးက သူတို့ရဲ့လွှမ်းမိုးမှုကို အသုံးပြုပြီး လူစိတ်ဝင်စားမှု များပြားလာအောင်နဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ကတိခံကာ အားတက်သရော ကူညီဆောင်ရွက်ပေးကြမှာ ဖြစ်ပါတယ် " ဟု ပြောကြားသွားပါတယ်။ လူသားတွေရဲ့အခက်အခဲအတွက် စီစဉ်ထားတဲ့ SDG project မှာဆိုရင် အဓိက လုပ်ငန်း (၁၇) ခု ရှိပြီး အသေးစိတ်ချမှတ်ထားတဲ့ ရည်ရွယ်ချက်ပေါင်း (၁၆၉) ခုအထိ ရှိပါတယ်။ အဓိကလုပ်ငန်း (၁၇) ခုထဲမှာ ကမ္ဘာမြေကြီးကို ထိန်းသိမ်းကာကွယ်ရေး ၊အရည်အသွေးမြင့်မားတဲ့ ပညာရေး ၊လိင်တူလိင်ကွဲ ကျားမ တန်းတူညီမျှဆက်ဆံရေး၊ ဆင်းရဲမွဲတေမှု လျှော့ချရေး စတဲ့ ရည်မှန်းချက်တွေ ပါဝင်နေပါတယ်။

Photo Credit From Blackpink
Photo Credit From Blackpink

BLACKPINK အဖွဲ့ကလည်း " ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးဆီလျှောက်လှမ်းနေကြချိန်မှာတစ်စိတ်တစ်ဒေသအဖြစ် ပါဝင်ခွင့်ရတာ ဂုဏ်ယူစရာတစ်ခုပါ။ ကျွန်မတို့က ဒီ SDG တွေရဲ့အရေးပါမှုကို ကမ္ဘာကြီးက သိရှိအောင်နဲ့ လက်ရှိ တွေ့ကြုံနေရတဲ့ လူမှုပြဿနာတွေကို ဖြေရှင်းဖို့အတွက် BLINKတွေနဲ့ အတူ လက်တွဲကူညီ အားဖြည့်ပေးချင်ပါတယ်။အခုလိုမျိုး စုပေါင်းလှုပ်ရှားမှုအတွက် ကျွန်မတို့ တကယ် ယုံကြည်ပါတယ်။ ကျွန်မတို့ အားလုံး အတူတူ ရှိနေမှသာ လူသားတွေရဲ့ကောင်းကျိုးအတွက် မတူညီမှုများစွာကို စွမ်းဆောင်နိုင်ကြမှာပဲ ဖြစ်ပါတယ်။ မနက်ဖြန်တိုင်း လုံခြုံစေဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် လုပ်ဆောင်ဖို့ အချိန်ရောက်ရှိလာပါပြီ "ဆိုပြီး ပြောသွားပါတယ်။

Photo Credit From Blackpink
Photo Credit From Blackpink

ဒါ့အပြင် YG Entertainment ကလည်း " ခက်ခဲတဲ့ ရွေးချယ်မှုတွေ ပြုလုပ်ပြီးတဲ့ နောက် BLACKPINKက လူမှုဆက်ဆံရေး သံအမတ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ဒီလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကိုယ်တိုင် နက်နက်ရှိုင်းရှိုင်း ကိုယ်ချင်းစာပြီး ပျော်ရွှင်ကြည်နူးတဲ့ နှလုံးသားနဲ့ ပါဝင်ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် " ဆိုပြီး ပြောပြသွားပြန်ပါတယ်။

Photo Credit From Blackpink
Photo Credit From Blackpink

BLACKPINKက ဒီ Main Goals (၁၇) ခုထဲက

" Climate Action " ဆိုတဲ့ Goalအတွက် ကမ္ဘာမြေကြီးကို ထိန်းသိမ်းကာကွယ်ဖို့ လူ‌ငယ်တွေကို အားပေးတိုက်တွန်းခဲ့ကြတာဖြစ်ပါတယ်။အခုလို ကူညီဆောင်ရွက်ပေးခဲ့တဲ့အတွက် ဗြိတိန်နိုင်ငံရဲ့ဝန်ကြီးချုပ်ကိုယ်တိုင် BLACKPINKကို " လူမှုဆက်ဆံရေး သံအမတ် "အဖြစ် အသိအမှတ်ပြုကာ တရားဝင် ခန့်အပ်ကြေငြာခဲ့ပါသေးတယ်။အနုပညာလောကမှာတင်သာမက နယ်ပယ်တိုင်းမှာ အောင်မြင်ကျော်ကြားတဲ့ BLACKPINK ရဲ့ လွှမ်းမိုးနိုင်မှုကတော့ တကယ်ကိုအံ့မခမ်းပါပဲ။

Photo Credit From Blackpink
Photo Credit From Blackpink
Photo Credit From Blackpink
Photo Credit From Blackpink
Photo Credit From Blackpink
Photo Credit From Blackpink
Photo Credit From Blackpink
Photo Credit From Blackpink
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T