တိုက်ပွဲတွေကြား အသက်လုပြေးလွှားနေရတဲ့အပြင် ကိုဗစ်ရောဂါပါကူးစက်ခံထားရတဲ့ စစ်ဘေးရှောင်ပြည်သူများ

//s9.kh1.co/68/68129b740fa2bcf3580efa6e37001941e6d2028b.jpeg
နေ့စဉ်သတင်းများ

 ၁၈-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ပြည်သူတွေမှာ အနေနဲ့ အသက်အိုးအိမ်စည်းစိမ်တွေ အများအပြား ဆုံးရှုံးနေကြရတဲ့အပြင် ကပ်ရောဂါဆိုးတွေရဲ့ ဖိစီးနှိပ်စက်မှုတွေကိုလည်း ရင်ဆိုင်ခံစားနေကြရတာ ဖြစ်ပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေမှာ အခြေအနေတွေပိုမိုပြင်းထန်လာတဲ့ တိုက်ပွဲတွေကြား အိုးအိမ်တွေစွန့်ခွာကာ အသက်လုပြေးလွှားနေရတဲ့ကြားက ကိုဗစ်ရောဂါတွေလည်း ကူးစက်ခံနေရပါတယ်။ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင်း စစ်ဘေးရှောင်နေတဲ့ စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ (၃၀၀)ကျော်အနက် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူဦးရေ (၄၀)ကျော် စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader

ယောင်္ကျား မိန်းမ ကလေး အပါအဝင် (၄၅)ယောက်နဲ့ ရဟန်းက နှစ်ပါး၊ ကိုရင်နှစ်ပါး အားလုံးပေါင်း (၄၉) ယောက်ရှိပြီး လတ်တလောမှာတော့ အကုန်လုံးကို Quaratine စင်တာ ပို့ထားတယ်လို့ ဒေသခံတသ်ဦးက ပြောပြလာပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ (၄၉) ဦးအနက် (၄၅) ဦးမှာ စစ်ဘေးရှောင် ဒုက္ခသည်များဖြစ်ပြီး သံဃာနှစ်ပါးနဲ့ ကိုရင်နှစ်ပါးမှာ စစ်ဘေးရှောင်ဒုက္ခသည်များကို လက်ခံထားတဲ့ ဘုန်းကြီးကျောင်းမှ ဖြစ်တယ်လို့ သိရပါတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

စစ်ဘေးရှောင်ဒုက္ခသည်များ ခိုလှုံနေသည့် လွိုင်ကော်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း တကျောင်းအတွင်း ဖျားနာနေသူများ ရှိတာကြောင့် ဆရာတော်များက ဦးစီးပြီး ကိုယ်ထူကိုယ်ထ အစီအစဉ်နဲ့ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးကြရာမှာ ပိုးကူးစက်ခံရသူများ ရှိနေကြောင်း သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ ကိုဗစ်ကူးစက်ခံရတဲ့ စစ်ဘေးရှောင် ဒုက္ခသည်များနဲ့ ရဟန်း နှစ်ပါး၊ ကိုရင် နှစ်ပါး တို့ကို ပရဟိတအသင်းများရဲ့ အကူအညီနဲ့ လွိုင်ကော်မြို့၊ ပြည်သူ့ဆေးရုံရှိ Quarantine စင်တာများကို ပို့ဆောင်ထားတာ ဖြစ်ပါတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T