ကိုဗစ်ရောဂါ ဖြစ်ပွားထားပြီး ပြုစုပေးမယ့် သားသမီးလည်း မရှိလို့ ဒုက္ခရောက်နေတဲ့ အဖိုးတစ်ဦးရဲ့ အဖြစ်ကို ပြောပြလာတဲ့ ဝေဠုကျော်

//s9.kh1.co/f7/f7485c2929c9995ac9d78989f67c7c2fb8b43279.jpeg
အနုပညာရှင်များ

 ၁၈-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.......

ပရဟိတ အလုပ်တွေကို လုပ်ဆောင်နေတဲ့ ဝေဠုကျော်ကတော့  လက်ရှိ အခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ ဝေဠုကျော်ကတော့ ခုလို ကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပြည်သူတွေ အတွက် အခြေခံ စားသောက်ကုန်တွေ ပေးဝေလှူဒါန်းပြီး တတ်နိုင်သလောက် ဖေးမကူညီနေတာလည်း ဖြစ်ပါတယ်။

Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 

အခုလည်း ကိုဗစ်ရောဂါကူးစက်ခံထားရကာ အောက်ဆီဂျင်တွေ ကျနေတဲ့ အသက် (၆၀) အရွယ် အဖိုးတစ်ဦးကို လိုအပ်တာများ သွားရောက် ကူညီပေးခဲ့ပါတယ် ။ အဖိုးက ရောဂါစခံစားရတုန်းကအောက်ဆီဂျင် ၅၀အောက်ထိကျကာ အသိစိတ်ပါ မရှိတော့တဲ့ အထိ ဖြစ်ခဲ့တာကြောင့် အောက်ဆီဂျင်မရရအောင် ရှာပေးခဲ့တယ်လို့ ဆိုပါတယ် ။

Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 

ကံကောင်းစွာ ကိုဗစ်ရဲ့ အဆိုးဆုံး အချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့ပြီး တဖြည်းဖြည်း အောက်ဆီဂျင်ပြန်တက်လာတယ်လို့ သိရပါတယ် ။ ဒါပေမယ့် အောက်ဆီဂျင်တော့ ထောက်ပံပေးနေရသလို လူနာက မထိုင်နိုင်သေးဘူးလို့ ဆိုပါတယ် ။ အဖိုးက နှလုံးရောဂါ အခံရှိပြီး သားသမီးလည်း မရှိတာကြောင့် ဝေဠုကျော်က လိုအပ်တာ အဝဝကို ကူညီထောက်ပံ့ပေးခဲ့တယ်လို့လည်း ရေးသားထားပါတယ် ။ ဒီသတင်းကို ဝေမျှပေးရင်း အဖိုး အမြန်သက်သာပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Source & Photo Credit : Wai Lu Kyaw Facebook Page 
Source & Photo Credit : Wai Lu Kyaw Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T