လူထုဘက်က တစ်သားတည်းရပ်တည်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ဘုရားသားတော်များ

//s9.kh1.co/a5/a5d1fff0c8eb387be89587f44da65c9107d5785a.jpg
နေ့စဉ်သတင်းများ

 ၁၈-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

သံဃာတော်တွေရဲ့ စိတ်ဆန္ဒပြင်းပြပုံကတော့.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

(၂၀၂၁) ခုနှစ်၊ဖေဖော်ဝါရီ(၁)ရက်နေ့မှစလို့ မြန်မာနိုင်ငံဟာ စစ်ကောင်စီရဲ့ အာဏာထိန်းချုပ်မှုအောက်ကို ရောက်ရှိခဲ့ပါတယ်။ပြည်သူတွေဟာလည်း ဖေဖော်ဝါရီ(၄)ရက်မှစလို့ လူနည်းစုမှသည် တစ်တိုင်းပြည်လုံးအတိုင်းအတာအထိ ဆန္ဒထုတ်ဖော်ပြသခဲ့ကြပါတယ်။ပြည်လုံးကျွတ်သပိတ်တွေလည်းများစွာပြုလုပ်ခဲ့ကြပါတယ်။

Photo Credit From အမေ့သား
Photo Credit From အမေ့သား
Photo Credit From အမေ့သား
Photo Credit From အမေ့သား

သပိတ်စစ်ကြောင်းတွေကို ရဟန်းရှင်လူပြည်သူအကုန်လုံးက တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ကြပါတယ်။မတ်လ၊ဧပရယ်လနဲ့ မေလများမှာတော့ ဆန္ဒပြသပိတ်စစ်ကြောင်းတွေ အပြင်းအထန်ဖြိုခွဲခံခဲ့ကြရပါတယ်။ခုဆို အာဏာထိန်းချုပ်ခံရတာဟာ ရက်ပေါင်း(၂၃၀)တိတိပြည့်ပြီဖြစ်ပါတယ်။မေလနောက်ပိုင်းမှ စလို့ ပြည်သူအချို့ဟာ သွေးမအေးနေအောင် သတိပေးတဲ့အနေနဲ့ ပျောက်ကျားသပိတ်ကိုသာ ပြုလုပ်လာကြပါတော့တယ်။ထို ပျောက်ကျားသပိတ်များတွင် ကျောင်းသားလူငယ်များသာမက ယခုဆို ဘုရားသားတော် သံဃာတော်တွေပါ ပါလာခဲ့ကြပြီဖြစ်ပါတယ်။

Photo Credit From အမေ့သား
Photo Credit From အမေ့သား
Photo Credit From Spring Diary
Photo Credit From Spring Diary

ယမန်နေ့ စက်တင်ဘာ(၁၇)ရက်နေ့ကလည်း သံဃသမဂ္ဂမှ သံဃာတော်များစုဝေးကာ "စစ်ကျွန်မခံ တို့တော်လှန် ပြည်သူ့တိုက်ပွဲ တို့ဆင်နွှဲ"ဆိုတဲ့ကြွေးကြော်သံနဲ့အတူ ပြည်သူဘက်က တစ်သားတည်းရပ်တည်ခဲ့ကြပါတယ်။ဒါ့အပြင် သံဃာတော်တွေက သူတို့အနေနဲ့ အေးအေးဆေးဆေးငြိမ်းငြိမ်းချမ်းချမ်းနဲ့ တောင်းဆိုခဲ့ပြီးကြောင်း၊ မရရတဲ့နည်းနဲ့ ပန်းတိုင်အဆုံးထိရောက်အောင်လျှောက်မယ်ဆိုတဲ့အကြောင်းလည်း​မိန့်ကြားခဲ့ပါတယ်။သံဃာတော်တွေရဲ့ ရဲဝင့်ပြတ်သားစွာ ဆန္ဒထုတ်ဖော်နေကြပုံတွေကို ဖော်ပြပေးလိုက်ရပါတယ်။

Photo Credit From Spring Diary
Photo Credit From Spring Diary
Photo Credit From Spring Diary
Photo Credit From Spring Diary
Photo Credit From Spring Diary
Photo Credit From Spring Diary
Photo Credit From Spring Diary
Photo Credit From Spring Diary
Photo Credit From Spring Diary
Photo Credit From Spring Diary
Photo Credit From Spring Diary
Photo Credit From Spring Diary
Photo Credit From Spring Diary
Photo Credit From Spring Diary
Photo Credit From Spring Diary
Photo Credit From Spring Diary
Photo Credit From Spring Diary
Photo Credit From Spring Diary
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T