ဆိုင်ကယ်နောက်ကနေထိုင်လိုက်နေရင်း မသမာသူတွေက လည်ပင်းကဆွဲကြိုးကိုလုယက်လို့ မှောက်ခုံလဲကျပြီးခေါင်းပါထိသွားခဲ့တဲ့ အမျိုးသမီးတစ်ဦး

//s9.kh1.co/d6/d6694296f52b24c130218aae98b1196b97690b4c.jpeg
နေ့စဉ်သတင်းများ

 ၁၈-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ဆိုင်ကယ်နောက်ကနေထိုင်လိုက်နေရင်း မသမာသူတွေက လည်ပင်းကဆွဲကြိုးကိုလုယက်လို့ မှောက်ခုံလဲကျပြီးခေါင်းပါထိသွားခဲ့တဲ့ အမျိုးသမီးတစ်ဦး

လက်ရှိမှာဆိုရင် တချို့ပြည်နယ်တွေမှာလည်း တိုက်ပွဲတွေဖြစ်ပွါးနေသလို ရန်ကုန်မြို့၊မန္တလေးမြို့ အစရှိတဲ့မြို့ကြီးတွေမှာလည်း ဗုံးပေါက်ကွဲမှုတွေရှိနေပါတယ်။ဒါ့အပြင် ပြည်တွင်းရေးအခြေအနေကိုအခွင့်ကောင်းယူပြီးတချို့မသမာသူလူတစ်စုကလည်း ပြည်သူတွေဆီကနေ လုယက်မှု၊ခိုးယူမှု၊ဓားပြတိုက်မှုတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။မနေ့ကဆိုရင်လည်း မြစ်ကြီးနားမြို့၊ရန်ကြီးအောင်ရပ်ကွက်နားမှာ ဆိုင်ကယ်မောင်နှင်းလာတဲ့အမျိုးသမီးနှစ်ယောက်ကို မသမာသူတွေက လုယက်ခဲ့တာဖြစ်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

အမျိုးသမီးနှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်မှာ အနောက်ကထိုင်လိုက်တဲ့သူရဲ့ ဆွဲကြိုးကိုလုခဲ့တာဖြစ်ပါတယ်။အလုခံရတဲ့အမျိုးသမီးလည်း ဆိုင်ကယ်ပေါ်ကနေ မှောက်ခုံလဲကျပြီး ခေါင်းပါထိသွားခဲ့တယ်လို့သိရပါတယ်။ဆွဲကြိုးကတော့ တစ်ဝက်ပြတ်ပါသွားခဲ့တာဖြစ်ပါတယ်။ဆိုင်ကယ်မောင်းတဲ့သူနဲ့ ကလေးငယ်တစ်ဦးကတော့ထိခိုက်ဒဏ်ရာမရရှိခဲ့တာပဲဖြစ်ပါတယ်။အနီးနားဝန်းကျင်မှာရှိတဲ့ပြည်သူတွေကလည်း တာဝန်သိစိတ်နဲ့  Rescue အသင်းကိုခေါ်ပြီး ကူညီပေးခဲ့တာဖြစ်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

မြစ်ကြီးနားမြို့ရဲ့ Rescue အသင်းကလည်း (၅)မိနစ်အတွင်း အမြန်ရောက်လာတာကြောင့် ထိခိုက်သွားတဲ့အမျိုးသမီးကို အချိန်မီဆေးရုံပို့ပေးနိုင်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ အမျိုးသမီးရဲ့အခြေအနေလည်း စိုးရိမ်ရတဲ့အခြေအနေလို့သိရပါတယ်။ပြည်သူတွေလည်း ဒီလိုအခြေအနေမျိုးမှာ အပြင်ထွက်တဲ့အခါ အစစအရာရာသတိဝီရိယထားရင်း ဂရုတစိုက်သွားလာနိုင်ကြဖို့အတွက် ဒီအဖြစ်အပျက်ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T