ကွယ်လွန်သွားတဲ့ ခင်ပွန်းဖြစ်သူကိုယ်စား အဘအောင်မင်းခေါင် ဓာတ်နန်းတည်ဖို့ မတည်အလှူငွေ လှူဒါန်းရင်း ရည်စူးကုသိုလ်တွေပြုပေးနေတဲ့ ရွှေရည်သိန်းတန်

//s9.kh1.co/87/87cabf592712ed123f498d32361b695e6f4fa3ea.jpeg
အနုပညာရှင်များ

 ၁၇-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

အဆိုတော်ရွှေရည်သိန်းတန်ကတော့ ပြီးခဲ့တဲ့ လပိုင်းတွေကမှ ကိုဗစ်ကပ်ရောဂါဆိုးကြီးကြောင့် ခင်ပွန်းဖြစ်သူ ဆုံးရှုံးထားရပြီး လက်ရှိအချိန်တွေမှာ အကောင်းဆုံးပြန်လည်ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ ကြီးမားတဲ့ဆုံးရှုံးမှုတွေကို ရင်ဆိုင်ဖြတ်ကျော်နေရတဲ့ ရွှေရည်သိန်းတန်ကတော့ ခင်ပွန်းဖြစ်သူကောင်းရာသုဂတိလားစေဖို့ကိုလည်း ရည်စူးကုသိုလ်တွေ ပြုလုပ်ပေးနေသူပါ။ 

Photo Credit - Shwe Yee Thein Than's Fb Acc

လှူဒါန်းမှုတစ်ခုလုပ်ပြီးတိုင်း လုပ်ပြီးတိုင်းမှာ အမျှပေးဝေတတ်သလို ဒီကနေ့မှာလည်း ကွယ်လွန်သူ ဘုရားတကာကြီးခင်ပွန်းဖြစ်သူ ကိုယ်စား လှူဒါန်းမှုတွေ ဆက်တိုက်ပြုလုပ်နေပြန်ပါတယ်။ လှိုင်သာရွာစေတီတော်ကြီးမှာ အဘအောင်မင်းခေါင်အဖေကြီးဓာတ်နန်းတည်ဖို့ အလှူငွေ (၁၀)သိန်း မတည်လှူဒါန်းခဲ့တာဖြစ်ပြီး သူပြုသမျှကုသိုလ်တွေ ထပ်တူရစေဖို့ကိုလည်း အမျှပေးဝေဆုတောင်းထားပါသေးတယ်။ 

Photo Credit - Shwe Yee Thein Than's Fb Acc
Photo Credit - Shwe Yee Thein Than's Fb Acc
Photo Credit - Shwe Yee Thein Than's Fb Acc
Photo Credit - Shwe Yee Thein Than's Fb Acc
Photo Credit - Shwe Yee Thein Than's Fb Acc
Photo Credit - Shwe Yee Thein Than's Fb Acc

သူမပြုတဲ့ကုသိုလ်တိုင်းဟာ သူမရဲ့စီးပွားရေးမှာ အားပေးနေကြတဲ့ customer တယောက်ချင်းစီရဲ့ကုသိုလ်တွေလည်းပါတာမို့ ကုသိုလ်အစုစု ကို ထပ်တူရစေဖို့ကိုလည်း ဝေမျှဆုတောင်းထားတာလည်း တွေ့ရပါတယ်။ ရွှေရည်သိန်းတန်ရဲ့ ကုသိုလ်အလှူလေးတွေကို ပရိသတ်တွေကလည်း ဝမ်းသာအားရသာဓုခေါ် ကာ ပြန်လည်ဆုတောင်းပေးထားကြပါတယ်နော်။

Photo Credit - Shwe Yee Thein Than's Fb Acc
Photo Credit - Shwe Yee Thein Than's Fb Acc
Photo Credit - Shwe Yee Thein Than's Fb Acc
Photo Credit - Shwe Yee Thein Than's Fb Acc
Photo Credit - Shwe Yee Thein Than's Fb Acc
Photo Credit - Shwe Yee Thein Than's Fb Acc

သတင်း အရင်းအမြစ်Shwe Yee Thein Than's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T