အားပါပြင်းထန်တဲ့ အဝေးကန်ချက်နဲ့ အနိုင်ဂိုးသွင်းယူခဲ့ပြီး လီဗာပူးအသင်းကို အနိုင်သုံးမှတ်ရရှိစေခဲ့တဲ့ အသင်းခေါင်းဆောင်ဟန်ဒါဆန်ရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/4a/4a7ba3a8a93af01878fe6425c26d7ca39cb608f7.jpg
အားကစားသတင်းများ

 ၁၇-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

အားပါပြင်းထန်တဲ့ အဝေးကန်ချက်နဲ့ အနိုင်ဂိုးသွင်းယူခဲ့ပြီး လီဗာပူးအသင်းကို အနိုင်သုံးမှတ်ရရှိစေခဲ့တဲ့ အသင်းခေါင်းဆောင်ဟန်ဒါဆန်ရဲ့ ဗီဒီယိုဖိုင်

စက်တင်ဘာလ (၁၆)ရက်နေ့ မနေ့ကတော့ ပြိုင်ဘက်ဟောင်းကြီးတွေ ဖြစ်ကြတဲ့ အေစီမီလန်အသင်းနဲ့လီဗာပူးအသင်းတို့ ချန်ပီယံလိဒ်ပွဲစဥ်အဖြစ် ယှဥ်ပြိုင်ကစားခဲ့ကြပါတယ်။ အေစီမီလန်အသင်းနဲ့ လီဗာပူးအသင်းတို့ဟာ တစ်ချိန်က ချန်ပီယံလိဒ်မှာ အောင်မြင်မှုတွေများစွာကို ဆွတ်ခူးထားနိုင်ခဲ့တဲ့ ထိပ်သီးအသင်းကြီးတွေ ဖြစ်ခဲ့ကြပါတယ်။ ယခုတစ်ကြိမ်ပြန်လည်တွေ့ဆုံချိန်မှာလည်း ပြိုင်ဘက်ဟောင်းတွေပီပီ အကြိပ်အနယ်ယှဥ်ပြိုင်ကစားခဲ့ကြပြီး ဖျော်ဖြေမှုတွေပေးစွမ်းနိုင်တဲ့ ပွဲကြီးပွဲကောင်းဖြစ်ခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

လီဗာပူးအသင်းတို့ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ပထမပိုင်းပွဲ ပြီးဆုံးခါနီးအချိန်မှာ အေစီမီလန်အသင်းရဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းယူခြင်းကို ခံလိုက်ရပါတယ်။ ပထမပိုင်းမှာ နှစ်ဂိုး တစ်ဂိုးနဲ့ ရှုံးနိမ့်နေတာဖြစ်ပေမယ့် ဒုတိယပိုင်းပြန်စလို့ ပွဲချိန်(၄၉)မိနစ်အရောက်မှာ ဆာလတ်က ချေပဂိုးသွင်းယူခဲ့လို့ လီဗာပူးအသင်းတို့ သရေကျနေခဲ့ပါတယ်။ လီဗာပူးအသင်းအတွက် အဖိုးတန်အနိုင်ဂိုးကိုတော့ အသင်းခေါင်းဆောင် ဟန်ဒါဆန်က လှလှပပသွင်းယူပေးခဲ့ပြီး အနိုင်သုံးမှတ် ရယူပေးခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ဒေါင့်ကန်ဘောကနေ ပြန်လျှံထွက်လာတဲ့ ဘောလုံးကို ဂိုးစည်းထိပ်ကနေ အားပါပြင်းထန်စွာနဲ့ ကန်သွင်းပြီး ဟန်ဒါဆန်တစ်ယောက် ဂိုးသွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။ ရှုံးနိမ့်ခဲ့ပေမယ့် အီတလီအသင်းပီပီ ခံစစ်ကို ကျစ်လှစ်စွာကစားတတ်ပြီး ပြိုင်ဘက်ကို အခက်တွေ့စေခဲ့တဲ့ အေစီမီလန်အသင်းကိုလည်း မဖြစ်မနေချီးကျူးရမှာ ဖြစ်ပါတယ်။ အေစီမီလန်အသင်းဘက်ကို လှပတဲ့အဝေးကန်ချက်နဲ့ အနိုင်ဂိုးသွင်းယူခဲ့တဲ့ လီဗာပူးအသင်းခေါင်းဆောင်ဟန်ဒါဆန်ရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source :  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T