လူဖြစ်လာတဲ့ဘ၀လေးမှာ ကုသိုလ်ကောင်းမှုတွေအဆက်မပြတ်လုပ်သွားရင်း ကုသိုလ်လေးတွေစုဆောင်းသွားချင်ကြောင်း ဖွင့်ဟလာတဲ့ဘေဘီမောင်

//s9.kh1.co/6c/6c13f8a6c1f2e1c707600638cf9dd282e09e0c18.jpg
အနုပညာရှင်များ

 ၁၇-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဘေဘီမောင်က အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ ပရိသတ်တွေရဲ့အချစ်တွေကို အပြည့်အဝရရှိထားသူ တစ်ယောက်ပါ ။ ဒါ့ပြင်လေးစားစရာကောင်းတာကတော့ သူမဟာအနုပညာရှင်တစ်ယောက် ဖြစ်ပေမယ့်လည်း ပရဟိတ အလုပ်တွေကို တတ်နိုင်သ၍ ကူညီလုပ်ကိုင်ကာ အလှူအတန်းတွေကို မကြာခဏ ပြုလုပ်တတ်သူတစ်ဦးပဲ ဖြစ်ပါတယ်။

Photo credit- Baby Maung's Facebook acc
Photo credit- Baby Maung's Facebook acc
Photo credit- Baby Maung's Facebook acc
Photo credit- Baby Maung's Facebook acc

ကိုဗစ်ကပ်ရောဂါဆိုးကြီးဖြစ်တဲ့အချိန်ကာလအတွင်းမှာလည်း သူမဟာတတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းမှုတွေနေ့စဉ်နီးပါးပြုလုပ်ခဲ့ပြီး ချို့တဲ့သူတွေအတွက် အကူအညီတွေပေးခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင်အခုလိုနိုင်ငံရေးမကောင်းတဲ့ကာလမှာလည်း ရဟန်းသံဃာတော်တွေနဲ့ သီလရှင်ဆရာလေး‌တွေပါမကျန် ဆေးဝါးနဲ့၀တ္ထုငွေတွေလှူဒါန်းနေတာဖြစ်ပါတယ်။

Photo credit- Baby Maung's Facebook acc
Photo credit- Baby Maung's Facebook acc
Photo credit- Baby Maung's Facebook acc
Photo credit- Baby Maung's Facebook acc

ယနေ့မှာဆိုရင်လည်း ဘေဘီမောင်ဟာ ဆရာတော်သံဃာတော်တွေအတွက် လှူဖွယ်ပစ္စည်းတွေနဲ့ ၀တ္ထုငွေတွေကိုသွားရောက်ကပ်လှူခဲ့ပြီး လူဖြစ်ရတဲ့ဘ၀လေးအတွင်းမှာ ကုသိုလ်ကောင်းမှုတွေလုပ်ရင်း ကုသိုလ်တွေစုဆောင်းသွားချင်ကြောင်း ရေးသားမျှဝေထားတာကို‌တွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit- Baby Maung's Facebook acc
Photo credit- Baby Maung's Facebook acc

သတင်း အရင်းအမြစ်Baby Maung's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T