ပိုင်ရှင်မဲ့ခွေးလေးတွေကို ဘောလုံးကွင်းထဲခေါ်လာပြီး သခင်အသစ်ရှာပေးခဲ့ကြတဲ့ ရိုမေနီးယားလိဂ်မှ ကစားသမားများ

//s9.kh1.co/1d/1de90682feab76264af152aa2e3d8c367eafa5a6.png
နေ့စဉ်သတင်းများ

 ၁၇-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

ကမ္ဘာပေါ်မှာ အအေးချမ်းဆုံးဟာမေတ္တာတရားဖြစ်ပြီး အပြန်အလှန်အထားရှိသင့်ဆုံးဟာလည်း မေတ္တာပါပဲ။ အိမ်မွေးတိရိစ္ဆာန်ပေါင်းစုံကို ဈေးကြီးပေးပြီးဝယ်ကြသူတွေရှိသလို လမ်းမပေါ်က လေလွင့်ခွေးလေးတွေကိုလည်း မေတ္တာထားပြီးချစ်ပေးကြသူတွေရှိပါတယ်။ ဒီနေ့မှာတော့ ရိုမေနီးယားလိဂ်အဖွဲ့မှ ဘောလုံးကစားသမားတွေဟာ လူသားအဆန်ဆုံးလုပ်ရပ်တစ်ခုကို လုပ်ခဲ့ကြပါတယ်။

Photo Credit - Min Htet Aung's FB Acc
Photo Credit - Min Htet Aung's FB Acc

လမ်းဘေးကခွေးလေးတွေကို ကိုယ်စီချီလာခဲ့ပြီး ကွင်းထဲအရောက်မှာတော့ ပရိသတ်တွေကို ခွေးလေးတွေပြပြီး မွေးစားပေးဖို့ သခင်ရအောင်ဖန်တိးပေးခဲ့ကြပါတယ်။ ခွေးလေးတွေကို ချစ်ခင်ကြသူတွေဟာလည်း ခေါ်ယူမွေးစားခဲ့ပြီး ခိုကိုးရာမဲ့ခွေးလေးတွေလည်း သခင်အသစ်နဲ့ ပျော်ရွှင်သွားရပါတယ်။ စိတ်ကူးလေးလည်းကောင်းသလို ဘဝတစ်ခုကိုလည်း အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးလိုက်တာမို့ တကယ်ကိုလေးစားစရာကောင်းတဲ့ လုပ်ရပ်တစ်ခုပါပဲ။

Photo Credit - Min Htet Aung's FB Acc
Photo Credit - Min Htet Aung's FB Acc

ခွေးလေးတွေဟာလည်း အရမ်းကိုချစ်ဖို့ကောင်းပြီး သခင်အသစ်ရဖို့အတွက် အတော်လေး စိတ်လှုပ်ရှားနေခဲ့ပါတယ်။ ချစ်စရာခွေးလေးတွေကိုကိုင်ပြီး ကွင်းထဲဝင်လာတဲ့ ဘောလုံးသမားတွေရဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်ကတော့ မချီးကျူးဘဲမနေနိုင်လောက်အောင်ပါပဲ။ ဒီလုပ်ရပ်လေးဟာ အတော်လေးကိုပြောစမှတ်ဖြစ်သွားခဲ့ပြီး အခုလိုစိတ်ကူးစိတ်သန်းကောင်းတဲ့ ကစားသမားတွေကို အားလုံးကလည်း ချီးကျူးနေခဲ့ပါတယ်။

Photo Credit - Min Htet Aung's FB Acc
Photo Credit - Min Htet Aung's FB Acc

သတင်း အရင်းအမြစ်Min Htet Aung's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T