စင်ပေါ်မတက်ခင်ကတည်းက Dancer တွေနဲ့အတူ အမိုက်စားကကွက်တွေကို အားရပါးရကပြခဲ့တဲ့ အဆိုတော် Camila Cabello ရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/01/0182cd5b42458890813fe8f7ff0d2e71b1d9319f.jpg
အနုပညာရှင်များ

 ၁၇-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

စင်ပေါ်မတက်ခင်ကတည်းက Dancer တွေနဲ့အတူ အမိုက်စားကကွက်တွေကို အားရပါးရကပြခဲ့တဲ့ အဆိုတော် Camila Cabello ရဲ့ဗီဒီယိုဖိုင်

အဆိုတော် Camila Cabello ကတော့ မကြာသေးခင်ကမှ ထွက်ရှိခဲ့တဲ့ "Cinderella"Movie မှာ ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ် ။ Camila က အဆိုတော်တစ်ဦးဖြစ်သလို ကိုယ်တိုင်သီချင်းရေးပြီး အောင်မြင်နေတဲ့သူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ လက်ရှိမှာတော့ Camila က မိန်းကလေးပရိသတ်တွေရဲ့အသည်းစွဲဖြစ်တဲ့ အဆိုတော် Shawn Mendes နဲ့ချစ်ကြိုက်နေတာဖြစ်ပြီး လူသိရှင်ကြား တရားဝင်တွဲနေကြတာလည်း ဖြစ်ပါတယ် ။

Photo Credit-Camila Cabello's FB Page
Photo Credit-Camila Cabello's FB Page
Photo Credit-Camila Cabello's FB Page
Photo Credit-Camila Cabello's FB Page

ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ MTV ရဲ့ Video Music Awards ပွဲကိုတော့ Camila တို့စုံတွဲက အတူတူတက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ် ။ ဒီပွဲမှာ Camila က သူမရဲ့သီချင်းအသစ်ဖြစ်တဲ့ "Don't Go Yet" ဆိုတဲ့သီချင်းကို အမိုက်စား Performance တွေနဲ့ အံ့သြစရာကောင်းလောက်အောင် ဖျော်ဖြေတင်ဆက်သွားခဲ့တာ ဖြစ်ပါတယ် ။ ပွဲမစခင်အချိန်မှာတော့ Camila က သူမရဲ့ Dancer တွေနဲ့အတူ ပျော်နေခဲ့တာလည်း ဖြစ်ပါတယ် ။

Photo Credit-Camila Cabello's FB Page
Photo Credit-Camila Cabello's FB Page
Photo Credit-Camila Cabello's FB Page
Photo Credit-Camila Cabello's FB Page

Camila က စင်ပေါ်မတက်ခင်ကတည်းက အောက်မှာ အမိုက်စားကကွက်တွေနဲ့ အားရပါးရ ကပြခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုကိုလည်း Social Media ထက်မှာ မျှဝေခဲ့တာ ဖြစ်ပါတယ် ။ ဒီဗီဒီယိုထဲမှာတော့ Camila က လွတ်လွတ်လပ်လပ်နဲ့ သူမစိတ်တိုင်းကြိုက်ကခုန်ပြီး အရမ်းပျော်နေသလို သူမရဲ့Dancer တွေကလည်း အော်ဟစ်အားပေးနေကြတာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ် ။ စင်ပေါ်မတက်ခင်အချိန်လေးမှာတောင် ပျော်ပျော်ပါးပါး ကနေခဲ့တဲ့ နာမည်ကြီးအဆိုတော် Camila Cabello ရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Video Credit-Camila Cabello's FB Page

Photo Credit-Camila Cabello's FB Page
Photo Credit-Camila Cabello's FB Page
Photo Credit-Camila Cabello's FB Page
Photo Credit-Camila Cabello's FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T