ဘဝမှာ အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်ဖို့အတွက် နေ့စဉ်လုပ်ဆောင်မှုတိုင်းမှာ အမူအကျင့်ကောင်းလေးတွေ ရှိဖို့လိုအပ်ပါတယ်။ အောင်မြင်ချင်တယ်ဆိုရင်တော့ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။
၁။ အချိန်ကို စနစ်တကျ အသုံးချပါ။
ကိုယ့်ရဲ့ အလုပ်တွေကို ဦးစားပေးသတ်မှတ်ပြီး၊ မှန်ကန်တဲ့အချိန်နဲ့ နေရာမှာ လုပ်ဆောင်ပါ။ အောင်မြင်ချင်တယ်ဆိုရင် နေ့ရွှေ့ ညရွှေ့လုပ်ပြီး အချိန်မဆွဲပါနဲ့။
၂။ အမှားတွေကနေ သင်ခန်းစာယူပါ။
အမှားတွေ လုပ်မိပြီး အရှုံးတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ဘယ်လိုတုံပြန်သလဲဆိုတာက ကိုယ့်ရဲ့အောင်မြင်မှုကို အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ လဲပြိုမကျသွားဘဲ ကျရှုံးမှုရဲ့အကြောင်းရင်းကို ရှာဖွေပြီး အတွေ့အကြုံအဖြစ်နဲ့ သင်ခန်းစာယူနိုင်ရမှာ ဖြစ်ပါတယ်။
၃။ ရေရှည်အောင်မြင်ဖို့ကို စဉ်းစားပါ။
လူတော်တော်များများက ရေတိုအောင်မြင်မှုတွေနဲ့ ရည်မှန်းချက်တွေကိုပဲ အာရုံစိုက်တတ်ကြပါတယ်။ ရေတိုကို အာရုံအရမ်းမစိုက်ဘဲနဲ့ ရေရှည်ရည်မှန်းချက်ကို ဦးစားပေးမယ်ဆိုရင်တော့ ကိုယ့်ဘဝအတွက် အောင်မြင်ချမ်းသာမှာကိုနိုင်မှာ ဖြစ်ပါတယ်။
၄။ စကားလုံးအသုံးအနှုန်း ဂရုစိုက်ပါ။
ကိုယ်ပြောမယ့်စကားက ဘာအဓိပ္ပာယ်ရှိတယ်၊ ဘယ်အချိန်မှာ ပြောသင့်တယ်ဆိုတာကို သိဖို့လိုပါတယ်။ ပြောတတ်၊ ဆိုတတ်တဲ့သူတွေဟာ ကုမ္ပဏီလုပ်ငန်းတစ်ခုအတွက် အရေးပါတဲ့ လူတစ်ယောက် ဖြစ်လာနိုင်သလို ကုမ္ပဏီရဲ့မျက်နှာစာအဖြစ် ထုတ်သုံးတတ်ပါတယ်။
၅။ သက်သာဖို့ မစဉ်းစားပါနဲ့။
ထိပ်ဆုံးရောက်အောင် သွားနေတဲ့ ခရီးမှာ ဒီလောက်ဆိုရပါပြီဆိုပြီး မတွေးပါနဲ့။ ကိုယ်ချမှတ်ထားတဲ့ ရည်မှန်းချက်ပြည့်ဝပြီး ဝင်ငွေသန်းချီနေပြီဆိုရင်တောင် နောက်ထပ်ရည်မှန်းချက်တစ်ခု ချမှတ်လုပ်ဆောင်ပါ။