လူ့သမိုင်းမှာ ဆံပင်တွေကို နှုတ်ပြီး ရွှေကြိုးတွေကို ဦးခေါင်းခွံမှာစိုက်ခဲ့တဲ့ ပထမဆုံး Rapper Dan Sur

//s9.kh1.co/ad/ad8f65816e54ed68f9caf4a242bd3f4589434bb8.jpg
အနုပညာရှင်များ

 ၁၇-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

Rapper Dan Sur ရဲ့ ရွှေကြိုးတွေကို ဆံပင်မှာ စိုက်တာက ဆံပင်တွေ ပြန်မပေါက် နိုင်တာကြောင့်

မက္ကဆီကို လူငယ် Rapper Dan Sur က လူအများ အာရုံစိုက်ခံရအောင် ဂီတမှာသာမက သူ့ခေါင်းမှာ ဆံပင်တွေကို နှုတ်ပြီး ရွှေကြိုးတွေကို စိုက်ခဲ့ပါတယ်။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

Tik tok follower ပေါင်း ၂ သန်းရှိတဲ့ Dan Sur ဟာ လူ့သမိုင်းမှာ ဆံပင်တွေကို နှုတ်ပြီး ရွှေကြိုးတွေကို ဦးခေါင်းခွံမှာစိုက်ခဲ့တဲ့ ပထမဆုံး rapper လည်း ဖြစ်ပါတယ်။

အသက် (၂၃) နှစ် အရွယ်သာရှိသေးတဲ့ Dan Sur က ဧပြီလကတုန်းက ရွှေကြိုးတွေအပြင် တန်ဖိုးရှိတဲ့ ကျောက်တွေကိုပါ ကြိုးဆွဲပြီး အရေပြားအောက် ဦးခေါင်းခွံမှာ တကယ်ကို စိုက်ခဲ့တာပါ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

Rapper Lil Uzi Vert က နဖူးပေါ်မှာ ပန်းရောင် စိန်ထည့်ထားတဲ့ကို အတုယူပြီး လိုက်လုပ်ဖြစ်တာပါ။" ကျွန်တော်က လူတိုင်းနဲ့ မတူတာကို လုပ်ချင်တယ်။ လူတိုင်းက ဆံပင်ဆေးဆိုးတာကို တွေ့ရတယ်။ အခုတော့ ကျွန်တော့်ကို ဘယ်သူမှ လိုက်တုတော့မှာ မဟုတ်ဘူး" လို့  သူကဆိုပါတယ်။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

" ဒီလို ရွှေကြိုးတွေ စိုက်တာ ပြင်ပက ဘက်တီးရီးယားတွေက ဦးခေါင်းထဲကို အလွယ်တကူ ဝင်လာနိုင်ပါတယ်။ ရွှေကြိုးတွေက မတော်တဆ ဆောင့်ဆွဲ ခံရတာပဲဖြစ်ဖြစ်၊ ကျွတ်ထွက်သွားတာပဲ ဖြစ်ဖြစ် ဖြစ်လာခဲ့ရင် ဦးခေါင်းခွံ အက်သွားမှာပါ" လို ပလက်စတစ်ဆာဂျရီ ဆရာဝန် Dr Frank Agullo က သတိပေးပါတယ်။

Rapper Dan Sur ရဲ့ ရွှေကြိုးတွေကို ဆံပင်မှာ စိုက်တာက ဆံပင်တွေ ပြန်မပေါက် နိုင်တာကြောင့် အတုမယူသင့်ကြောင်း အရေပြားဆရာဝန် Dr Mona Gohara က အကြံပေးပါတယ်။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T