ကန်စွန်းရွက်ရောင်းကာ ဘဝကို ခက်ခဲစွာ ဖြတ်သန်းနေရတဲ့ အသက် (၈၁) နှစ်အရွယ်အဖွားတစ်ဦးရဲ့ စိတ်မကောင်းစရာ အဖြစ်

//s9.kh1.co/6d/6dfb1ae3cd6c0066decf0b438eaff96061cf57d0.jpeg
နေ့စဉ်သတင်းများ

 ၁၇-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.....

လူတိုင်းကတော့ အဆင်မပြေမှုတွေဆိုတာ ရှိစမြဲပါပဲ ။ အခုလို ကာလတွေမှာဆိုရင် ပိုလို့တောင် အခက်အခဲတွေ အကျပ်အတည်းတွေကို တစ်ခုမဟုတ်တစ်ခု ရှိနေကြလို့ အားတင်းကာ ရင်ဆိုင်ဖြေရှင်းနေကြရပါတယ် ။ ဒီလို အချိန်မှာ လက်လုပ်လက်စားနဲ့ လမ်းမှာ ရှာဖွေစားသောက်နေရတဲ့ အိုးမဲ့အိမ်မဲ့ ပြည်သူ အချို့ရဲ့ ဘဝတွေက ထင်ထားတာထက်တောင် ခက်ခဲနေကြမယ်ဆိုတာ အမှန်ပါပဲ ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

အကြောင်းမျိုးစုံကြောင့် ပင်ပင်ပန်းပန်း ခက်ခဲစွာ ရှာဖွေစားသောက်နေရတဲ့ သက်ကြီး ရွယ်အို အဖိုးအဖွားတွေလည်း မနည်းပါဘူး ။ အခုလည်း  ပဲခူးမြို့ ဆိုရှယ်လစ်၂၃လမ်းမှာ ကန်စွန်းရွက် ထိုင်ရောင်းနေတဲ့ အဖွားတစ်ဦးရဲ့ စိတ်မကောင်းစရာ အဖြစ်လေးကို တွေ့ပြီး ပြည်သူတစ်ဦးက အခြေအနေကို သွားရောက်မေးမြန်းရင်း လိုအပ်တာများ ကူညီပေးခဲ့တဲ့ ပို့စ်တစ်ခုကိုတွေ့ရပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

အဖွားက အသက် (၈၁) နှစ်ရှိပြီး ခင်ပွန်းဖြစ်သူက ကျန်းမာရေး မကောင်းတာကြောင့် ရှာဖွေ ကျွေးမွေးနေရတယ်လို့ ဆိုပါတယ် ။ အဖိုးနဲ့ အဖွား နှစ်ဦးတည်း နေထိုင်ပြီး ကန်းစွန်းရွက် ရောင်းရတဲ့ နှစ်ထောင် သုံးထောင်နဲ့ အဆင်ပြေသလို စားသောက်နေရတယ်လို့ သိရပါတယ် ။ အဖွားက ကန်စွန်းရွက်ကိုလည်း လယ်ကွင်းထဲ ကိုယ်တိုင်သွားခူးရတာလို့လည်း ဆိုပါတယ် ။ လူငယ်လေးလည်း အဖွားတို့ရဲ့ အဖြစ်ကို မကြည့်ရက်တာကြောင့် အလှူငွေများ လှူဒါနါးခဲ့တာကို တွေ့ရပါတယ် ။ ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို ဝေမျှပေးရင်း အဖိုးနဲ့ အဖွား အဆင်ပြေပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T