တာဝန်ရှိသူတွေချက်ချင်း လမ်းပြင်ပေးရတဲ့အထိ အာကာသဝတ်စုံပုံစံ ဝတ်ဆင်ပြီး လကမ္ဘာပေါ် လမ်းလျှောက်ပြခဲ့တဲ့ ထိုင်းလူငယ်တစ်ဦးရဲ့ ရုပ်သံဖိုင်

//s9.kh1.co/f4/f4663c684cca472b40b8a21bb6d407de8b4af06a.jpg
နေ့စဉ်သတင်းများ

 ၁၇-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

စက်တင်ဘာလ (၁၂) ရက်နေ့က ထိုင်းနိုင်ငံ ခုမ်ကန်ခရိုင်အတွင်းမှာ နေထိုင်တဲ့ ဒေသခံလူငယ်တစ်ဦး Aomam ဟာ လူမှုကွန်ယက်ပေါ်မှာ လကမ္ဘာပေါ် လမ်းလျှောက်တဲ့ ရုပ်သံဖိုင်တစ်ခု တင်ခဲ့ပြီးနောက် ထိုင်းပြည်သူတွေကြားမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ သူရဲ့ ရုပ်သံဖိုင်ဟာ ကျေးရွာအတွင်း ချိုင့်ခွက်ပေါင်းများစွာဖြင့် လမျက်နှာပြင်ကဲ့သို့ ပျက်စီးနေတဲ့ လမ်းပေါ်မှာ ထိုင်းအလံကိုင်ပြီး အာကာသဝတ်စုံပုံစံဝတ်ဆင်ကာ လကမ္ဘာပေါ်လမ်းလျှောက်နေတဲ့ ပုံစံဖြင့် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Aomam
Photo Credit - Aomam
Photo Credit - Aomam
Photo Credit - Aomam

ဒေသခံလူငယ် Aomam က လကမ္ဘာပေါ်မှာ လမ်းလျှောက်နေတဲ့ ရုပ်သံဖိုင်နဲ့အတူ "အထူးသတင်းအနေနဲ့ Huai Jot-Nong Not လမ်းမှာဂြိုဟ်သစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်" ဆိုပြီးဖော်ပြထားတာ ဖြစ်ပါတယ်။ ပြည်နယ်အုပ်ချုပ်တဲ့ တာဝန်ရှိသူတွေက Huai Jot-Nong Not လမ်းကို မကြာခဏပြင်နေသော်လည်း အရည်အသွေးမမီသဖြင့် မကြာခဏပျက်စီးနေတဲ့ လမ်းဖြစ်ကြောင်း သိရပါတယ်။

Photo Credit - Aomam
Photo Credit - Aomam

လက်ရှိမှာလည်း Huai Jot-Nong Not လမ်းဟာ ချိုင့်ခွက်ပေါင်းများစွာဖြင့် လမျက်နှာပြင်ကဲ့သို့ ပျက်စီးနေတာ ဖြစ်ပါတယ်။ ရုပ်သံဖိုင်ကို လည်း သတင်းမီဒီယာများထပ်ဆင့် ဖော်ပြလာကြောင့် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့များက အဆိုပါလမ်းအား ချက်ချင်းဆိုသလို ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ပြီး လမ်းပြင်ရန်အတွက် လုပ်ဆောင်ပြီလို့လည်း ထိုင်းသတင်းတချို့က ဖော်ပြထားခဲ့ပါတယ်။

သတင်း အရင်းအမြစ်Source - Aomam

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T