အိမ်ခြေ (၁၀၀) စာအတွက် ဖွယ်ဖွယ်ရာရာ ဟင်းမျိုးစုံကို ချက်ပြုတ် လှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/56/5600409fe4e828d5a850369f02c7746a0acfe5d5.jpeg
အနုပညာရှင်များ

 ၁၇-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.....

အောင်မြင်မှုတွေ အခိုင်အမာရရှိထားတဲ့အပြင် ပရဟိတအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေသူကတော့ မင်းသမီးချောခိုင်နှင်းဝေပဲ ဖြစ်ပါတယ် ။ခိုင်နှင်းဝေကတော့ မိဘမဲ့ဂေဟာကိုလည်း တည်ထောင်ထားသလို လိုအပ်နေသူတွေအတွက် ကူညီပံ့ပိုးပေးနေပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း ပြည်သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်နေသူပါ ။ 

Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 

ခိုင်နှင်းဝေက အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေဆီကို ဘယ်လောက်ဝေးဝေး နီးနီး ကိုယ်တိုင် သွားရောက်ကာ အစားအသောက်နဲ့ အလှူငွေတွေကို တတ်အားသရွေ့ ကူညီလှူဒါန်းပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း အိမ်ထောင်စု (၁၀၀) စာအတွက် ငါးကြော် နဲ့ ချဉ်ပေါင်ဟင်း များကို ဖွယ်ဖွယ်ရာရာ ချက်ပြုတ် လှူဒါန်းခဲ့ပါတယ် ။

Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 

ဒါ့အပြင် အခြားသော လိုအပ်တဲ့ ဆန်နဲ့ စားသောက်ကုန် ပစ္စည်းများလည်း လှူဒါန်းခဲ့ကြောင်းကို " ညနေစာအတွက် အိမ်ခြေ (၁၀၀) စာ ငါးကြော် နဲ့ ချဉ်ပေါင်ဟင်း ၊ဆန်(၃) ပြည်နှင့် အခြားကုန်ခြောက်များ လှူဒါန်းပေးခဲ့ပါတယ်..ဝိုင်းဝန်း ချက်ပြုတ် ကူညီပေးသူများနှင့် အလှူရှင်များ အားလုံး ပီတိကုသိုလ်လေးများ ပွားနိုင်ကြပါစေရှင်.." ရေးသားဖော်ပြထားရာ အလှူပုံတွေ ကြည့်ပြီး ကြည်နူး ပီတိဖြစ်မိတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Source & Photo Credit : Khine Hnin Wai Facebook Page 
Source & Photo Credit : Khine Hnin Wai Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T