လိုင်းခန်းဌားနေရပြီး စားဝတ်နေရေးခက်ခဲနေတဲ့ ဦးဇော်မှိုင်းကို ကူညီထောက်ပံ့မှုတွေ ပြုလုပ်ဂါဝရပြုခဲ့တဲ့ လူရွှင်တော်မိုးစက်

//s9.kh1.co/cd/cd573edc0d0c69902dca1e917c7fc9fca3ac5454.jpeg
အနုပညာရှင်များ

 ၁၇-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

..

အနုပညာပိုင်းမှာ ပရိသတ်အားပေးဝန်းရံမှုတွေကို ရရှိထားသူတွေထဲမှာ လူရွှင်တော်မိုးစက်နဲ့ ကျရာဇာတ်ရုပ်တွေကို ကျွမ်းကျင်စွာသရုပ်ဆောင်နိုင်တဲ့ ဦးဇော်မှိုင်းလည်း ပါဝင်ပါတယ်။ အသက်(၈၆)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဘဘဦးဇော်မှိုင်းကတော့ လတ်တလောမှာ ကျန်းမာရေးကောင်းမွန်နေပေမယ့် စီးပွားရေးကြပ်တည်းကာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

Photo Credit - Moe Sat's Fb Acc
Photo Credit - Moe Sat's Fb Acc

အသက်အရွယ်ကြီးရင့်နေပြီဖြစ်သလို လိုင်းခန်းဌားနေရပြီး စားဝတ်နေရေးခက်ခဲနေတာကြောင့် လူရွှင်တော်မိုးစက်က အိမ်တိုင်ရာရောက် သွားရောက်ပြီး ကူညီထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ တုန်ရီနေတဲ့ လက်လေးတွေနဲ့ ရေနွေးလေး ကိုယ်တိုင်ငှဲ့ပြီး ဧည့်ခံပေးတဲ့ ဘဘဦးဇော်မှိုင်းအတွက် ဆန်တစ်အိတ်နဲ့ ငွေတစ်သိန်းကို ဂါဝရပြုကန်တော့ခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Moe Sat's Fb Acc
Photo Credit - Moe Sat's Fb Acc

သူ့ရဲ့ကူညီမှုလေးတွေကို "သားရယ်...ဒီလိုအချိန်မှာ ဆန်တစ်အိတ်နဲ့ ငွေတစ်သိန်းဟာ.. ဘာနဲ့မှတန်ဖိုးဖြတ်မရပါဘူးကွာ... " ဆိုပြီး ဝမ်းသာအားရပြောတဲ့ ဘဘဦးဇော်မှိုင်းရဲ့ ပြောစရာလေးကြောင့်လည်း ဝမ်းနည်းဝမ်းသာ ဖြစ်ခဲ့ရပါသေးတယ်။ ကြည်နူးစရာအခိုက်အတန့်အလှူပုံရိပ်လေးတွေကိုလည်း မိုးစက်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ပီတိလေးတွေနဲ့အတူ ဝေမျှထားတာကြောင့် ပရိသတ်တွေလည်း ကြည်နူးမှုအပျော်လေးတွေ ကူးစက်စေမှာပါနော်။ 

Photo Credit - Moe Sat's Fb Acc
Photo Credit - Moe Sat's Fb Acc

သတင်း အရင်းအမြစ်Moe Sat's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T