လူသေဆုံးမှုနည်းပါးခဲ့ပေမယ့် နေအိမ်အများအပြား ပြိုကျပျက်စီးခဲ့ရတဲ့ တရုတ်နိုင်ငံက ဆိုးဆိုးဝါးဝါး မြေငလျင်လှုပ်ခတ်မှု ရုပ်သံ

//s9.kh1.co/2a/2ad1af5d0b95b25bcd34b2e2908691bac5143076.jpg
နေ့စဉ်သတင်းများ

 ၁၆-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှာ ဒီကနေ့ စတင်ဘာလ(၁၆)ရက် မနက်အစောပိုင်းက အားပြင်းတဲ့ မြေငလျင်တစ်ခု လှုပ်ခတ် ခဲ့ရာ လူနှစ်ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတကာ သတင်းများရဲ့ ဖော်ပြချက်အရ သိရပါတယ်။ စီချွမ်ပြည်နယ်၊ လျူရှန်စီရင်စုမှာ (၁၀) ကီလိုမီတာကို ဗဟိုပြုပြီး ပြင်းအား (၆.၀) အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit - India today
Photo Credit - India today
Photo Credit - India today
Photo Credit - India today
Photo Credit - India today
Photo Credit - India today

မြေငလျင် လှုပ်ခတ်မှုကြောင့် လူ(၂)ဦး သေဆုံးပြီး လူ(၅၃) ဦး ဒဏ်ရာရရှိခဲ့သလို လူနေအိမ် (၂၂ )လုံး ပြိုကျပျက်စီးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရပြီး ထောင်နှင့်ချီတဲ့ပြည်သူများနဲ့ အဆက်အသွယ် ပြတ်တောက် ခဲ့ရကြောင်း သိရပါတယ်။ ဒါ့အပြင် အဆိုပါ စီချွမ်ပြည်နယ်က အိမ်ထောင်စု (၆၂၀၀၀)ခန့် ပေးဝေတဲ့ ဓာတ်အားလိုင်းများလည်း လက်ရှိမှာ ပြတ်တောက်နေကြောင်း ဖော်ပြထားပါတယ်။

Photo Credit - India today
Photo Credit - India today
Photo Credit - India today
Photo Credit - India today

စီချွမ်ပြည်နယ် မြေငလျင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယအကြီးအကဲ ဒူဘင်ကတော့ “နောက်ဆိုရင် ဒီဒေသမှာ အင်အားပြင်းထန်တဲ့ မြေငလျင် လှုပ်ခတ်တော့ဖွယ်မရှိပေမယ့် တစ်ခါတစ်ရံ နောက်ဆက်တွဲ အင်အားမပြင်းထန်တဲ့ မြေငလျင်လေးတွေ လှုပ်ခတ်လာနိုင်ပါတယ်” ဟု ဆိုထားပါတယ်။ ၂၀၀၈ ခုနှစ်အတွင်းကလည်း စီချွမ်ပြည်နယ်မှာ ပြင်းအား ( ၇ ဒသမ ၉ )အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တုန်းက သေဆုံးသူနှင့် ပျောက်ဆုံးသူပေါင်း (၈၇၀၀၀)လောက် ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သတင်း အရင်းအမြစ်Source - CGTN

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T