စမတောင်ပရဟိတဂေဟာမှာ ကလေးငယ်လေးတွေအတွက် အလှူငွေနဲ့ အဝတ်အထည်များ လှူဒါန်းခဲ့တဲ့ အဆိုတော်သားစိုး

//s9.kh1.co/c0/c026b8f070197191e0e986c190d5c7ce0f943bfa.jpg
အနုပညာရှင်များ

 ၁၆-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

အဆိုတော်သားစိုးကတော့ အနုပညာပိုင်းမှာ အများနဲ့မတူတဲ့ တီထွင်ဆန်းသစ်မှုတွေကြောင့် အောင်မြင်မှုတွေနဲ့ နေရာအခိုင်အမာရရှိထားသလို ကိုယ်ပိုင်စီးပွားရေးတွေလည်း လုပ်ဆောင်နေသူ ဖြစ်ပါတယ်။ စီးပွားရေးကြပ်တည်းနေတဲ့ လတ်တလောအချိန်ကာလတွေမှာလည်း ဆင်းရဲနွမ်းပါးပြည်သူတွေနဲ့ လိုအပ်နေသူတွေအတွက်လည်း လှူဒါန်းမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။

Photo Credit - သားစိုး thxasoe's Fb Acc
Photo Credit - သားစိုး thxasoe's Fb Acc
Photo Credit - သားစိုး thxasoe's Fb Acc
Photo Credit - သားစိုး thxasoe's Fb Acc

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စမတောင်ပရဟိတဂေဟာမှာ ကလေးငယ်လေးတွေအတွက် အလှူငွေတွေအပြင် အခြားအသုံးအဆောင်ပစ္စည်းတွေလည်း လှူဒါန်းကုသိုလ်ယူခဲ့တယ်လို့ သိရပါတယ်။ စမတောင်(လူငယ်ဖွံဖြိုးရေးဥယျာဉ်)မှာ အလှူငွေ (၃)သိန်းကျပ် လှူဒါန်းခဲ့ပြီး ကလေးကစားစရာများနဲ့ အဝတ်အထည်တွေကိုလည်း လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

Photo Credit - သားစိုး thxasoe's Fb Acc
Photo Credit - သားစိုး thxasoe's Fb Acc
Photo Credit - သားစိုး thxasoe's Fb Acc
Photo Credit - သားစိုး thxasoe's Fb Acc

ပရဟိတဂေဟာမှာ ကြည်နူးစရာကောင်းတဲ့ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တဲ့အပြင် စမတောင်မှာလည်း စိုက်ပျိုးရေးမျိုးစေ့တွေလည်း လှူဒါန်းခဲ့တယ်လို့ သားစိုးက ပြောပြထားပါတယ်။ လိုအပ်နေသူတွေအတွက် တတ်နိုင်သလောက် လှူဒါန်းကူညီခဲ့တဲ့ သားစိုးရဲ့ ကုသိုလ်အလှူလေးတွေကိုလည်း မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေက သာဓုခေါ်အားပေးစကားတွေ ပြောထားကြတာ တွေ့ရပါတယ်။

Photo Credit - သားစိုး thxasoe's Fb Acc
Photo Credit - သားစိုး thxasoe's Fb Acc
Photo Credit - သားစိုး thxasoe's Fb Acc
Photo Credit - သားစိုး thxasoe's Fb Acc

သတင်း အရင်းအမြစ်သားစိုး thxasoe's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T