တီးတိန်မြို့က စားဝတ်နေရေးအဆင်မပြေသူတွေအတွက် ဟင်းသီးဟင်းရွက်တွေကို တောင်ပုံယာပုံလှူဒါန်းပေးခဲ့ကြတဲ့ ပြည်သူများ

//s9.kh1.co/24/2481fe9ec03654c2a5fd73dc9121eb80e33dd5ed.png
နေ့စဉ်သတင်းများ

 ၁၆-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

လက်ရှိကာလမှာ အခြေခံလူတန်းစားတွေအတွက် ခါးလှဖို့ထက် ဝမ်းဝဖို့သာ ပိုပြီးအရေးကြီးနေ ခဲ့ပါတယ်။ မြန်မာနိုင်ငံအနှံ့အပြားမှာ အဆင်မပြေကြတဲ့အိမ်ထောင်စုပေါင်း များစွာရှိနေခဲ့ပြီး ပြည်သူတွေလည်း အချင်းချင်းဖေးကူပြီး တတ်နိုင်သလောက် ကူညီပေးနေခဲ့ပါတယ်။ ဒီနေ့မှာလည်း တီးတိန်မြို့က အထက်ဇိုဇန်ကျေးရွာက လူငယ်တွေဟာ စားဝတ်နေရေး ခက်ခဲနေတဲ့သူတွေအတွက် အသီးအရွက်တွေကို အသေအချာချခင်းပြီး " ပိုသူလှူ လိုသူယူ " အစီအစဉ်လေးလုပ်ပေးခဲ့ပါတယ်။

Photo Credit - Zalen's FB Acc
Photo Credit - Zalen's FB Acc
Photo Credit - Zalen's FB Acc
Photo Credit - Zalen's FB Acc

အထက်ဇိုဇန်ကျေးရွာဟာ အိမ်ခြေ (၂၀) ခန့်သာရှိတဲ့ ရွာအသေးလေးဖြစ်ပါတယ်။ အခုလို အကျပ်အတည်း ကာလမှာတော့ ရွာသူရွာသားတွေဟာ ကိုယ်နိုင်တဲ့ခွန်အားလေးနဲ့ စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူအချင်းချင်းဖေးကူပြီး တီးတိန်မြို့က နာရီစင်ရှေ့မှာ အခုလိုအလှူလေးကိုစီစဉ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီအလှူလေးဟာ နေရာတိုင်းလိုလိုမှာ မြင်တွေ့ရပြီး လိုအပ်နေတဲ့သူတွေလည်း ဝမ်းသာအားရနဲ့ ဝင်ယူကြတာပျော်စရာပါ။

Photo Credit - Zalen's FB Acc
Photo Credit - Zalen's FB Acc
Photo Credit - Zalen's FB Acc
Photo Credit - Zalen's FB Acc

အခုချိန်မှာ ဟင်းတစ်နပ်ဟာလည်းအတော်လေးကိုအရေးကြီးတာမို့ လှူဒါန်းမှုကို ပျော်ပျော်ကြီးယူနေကြတဲ့ ပြည်သူတွေရဲ့ပုံရိပ်ဟာ အလှူရှင်တွေကို ပိုပြီးမုဒိတာဖြစ်စေပါတယ်။ စားဝတ်နေရေးကျပ်တည်းနေချိန်မှာ ဒီလိုလှူဒါန်းမှုလေးတွေဟာလည်း အတော်လေးကို အရာရောက်ပါတယ်။ ချစ်စရာကောင်းတဲ့လှူဒါန်းမှုလေး တွေကြောင့် အရမ်းကိုပျော်နေကြတဲ့ ပြည်သူတွေရဲ့ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Zalen's FB Acc
Photo Credit - Zalen's FB Acc
Photo Credit - Zalen's FB Acc
Photo Credit - Zalen's FB Acc

သတင်း အရင်းအမြစ်Zalen's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T