ဖိလစ်ပိုင်နိုင်ငံမှာတင်မကဘဲ တခြားနိုင်ငံတွေမှာပါ နာမည်ကြီးအောင်မြင်နေတဲ့ Dingdong Dantes နဲ့ Marian Rivera တို့ အနုပညာရှင်နှစ်ယောက်ကတော့ အခုချိန်မှာနှစ်ကိုယ်တူဘဝလေးကို တည်ဆောက်ထားပြီဖြစ်ပါတယ်။သူတို့ဇနီးမောင်နှံနှစ်ယောက်က ယနေ့အချိန်ထိလည်း ကြော်ငြာတွေ၊ဇာတ်ကားတွေ အတူတူတွဲရိုက်နေကြဆဲဖြစ်ပါတယ်။Marian နဲ့ Dingdong တို့ဇနီးမောင်နှံရဲ့ ဇာတ်ကားတွေကို မြန်မာပရိသတ်တွေကလည်း ကြည့်ရှု့အားပေးကြပါတယ်။
Dingdong Dantes ကတော့ ငယ်စဉ်ကတည်းက ချစ်စရာကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားပြီး အရွယ်ရောက်တဲ့အချိန်မှာ တည်ကြည်ခန့်ညားနေတာပဲဖြစ်ပါတယ်။မင်းသမီးချောလေး Marian ကတော့ ပါးချိုင့်လေးနှစ်ဖက်နဲ့ပြုံးလိုက်ရင် ငေးမောရလောက်အောင် လှပတဲ့သူဖြစ်ပါတယ်။အခုချိန်ထိ ငယ်ရုပ်လေးမပျောက်သေးဘဲ လှပနုပျိုနေတဲ့ Marian ကတော့ ကလေးနှစ်ယောက်အမေလို့တောင်မထင်ရတာ ဖြစ်ပါတယ်။Marian တို့ဇနီးမောင်နှံမှာ သူတို့လိုပဲ ချစ်မွေးအပြည့်ပါတဲ့ သမီးနဲ့သားရှိပါတယ်။
Dingdong နဲ့ Marian တို့ရဲ့မိသားစုဘဝလေးက သာယာအေးချမ်းတာကြောင့် တစ်မိသားစုလုံးကို ပရိသတ်တွေကချစ်ကြတာဖြစ်ပါတယ်။သမီးနဲ့သားကလည်း Dingdong Dantes နဲ့ Marian တို့ရဲ့ငယ်ရုပ်နဲ့ ချွတ်စွပ်တူတာဖြစ်ပါတယ်။ဒါ့ကြောင့် ငယ်စဉ်ကတည်း ပြီးပြည့်စုံတဲ့အလှနဲ့ ချောမောခန့်ညားမှုတို့ကိုပိုင်ဆိုင်လာတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့နာမည်ကြီးအနုပညာရှင်နှစ်ယောက်ရဲ့ ငယ်ဘဝပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit: Original Uploder