ကိုရင်လေးကိုသေဆုံးတဲ့အထိရိုက်နှက်ခဲ့တဲ့ဦးဇင်းကို ယခုချိန်ထိအရေးမယူသေးတာကြောင့် ဒေါသထွက်နေကြတဲ့ ပြည်သူများ

//s9.kh1.co/41/4106645c33f0e317db3e7a5dfe33c23210de40c4.jpeg
နေ့စဉ်သတင်းများ

 ၁၆-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပြီးခဲ့တဲ့ ရက်ပိုင်းက ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်၊ မိုင်ကောင်းကျေးရွာမှာ ကိုရင်လေးတစ်ပါး ညနွားနို့သောက်မှုကြောင့် ရိုက်နှက်ဆုံးမခံခဲ့ရပြီး ဒဏ်ရာတွေကြောင့် ပျံလွန်တော်မူသွားခဲ့ပါတယ်။ ပျံလွန်တော်မူသွားတဲ့ ကိုရင်လေးသေဆုံးမှုနဲ့ပတ်သက်ပြီး ရိုက်နှက်ဆုံးမခဲ့တဲ့ ဦးဇင်းကတော့ အရေးယူဆောင်ရွက်ခံရခြင်း မရှိဘူးလို့ သိရပါတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

ကိုရင်လေး သေဆုံးမှုကိစ္စမှာ နှစ်ဦးနှစ်ဖက်ဖြေရှင်းနေကြပြီး ကျေအေးသွားပြီဖြစ်တာကြောင့် ကိုရင်လေးကို ရိုက်ခဲ့တဲ့ ဦးဇင်းကို အရေးမယူတော့တာဖြစ်တယ်လို့ သိရပါတယ်။ ကိုရင်းလေးကို ရိုက်ပြီးဆုံးမခြင်းမျိုး ထပ်မံ မဖြစ်စေဖို့အတွက် ဦးဇင်းကို ဆုံးမထားကြောင်း၊ ဘုရားဝိနည်းအရ စေတနာနဲ့ ရိုက်နှက်သဖြင့် ပြစ်မှားမှုမရှိတာကြောင့် အရေးယူသွားမှာမဟုတ်ဘူးလို့ ကျေးသီမြို့နယ် သံဃာနယက တစ်ဦးက ဆိုပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

လွန်ခဲ့တဲ့ရက်ပိုင်းက မိုင်ကောင်းကျေးရွာရှိ ဘုန်းကြီးကျောင်းမှာ ကိုရင်လေးသေဆုံးသွားရတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး မည်ကဲ့သို့ အပြစ်ပေးသင့်ကြောင်း အစည်းအဝေး ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်သူတွေကတော့ ပျံလွန်တော်မူသွားရှာတဲ့ ကိုရင်လေးအတွက် ဝမ်းနည်းမဆုံးဖြစ်ရသလို ရိုက်နှက်ဆုံးမခဲ့တဲ့ ဦးဇင်းကိုလည်း တာဝန်ယူမှုတွေ ရှိစေချင်တဲ့အကြောင်းတွေ ပြောထားကြတာ တွေ့ရပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T