Covid-19 ကာကွယ်ဆေးအပေါ် သံသယ၀င်နေတာကြောင့် အိမ်ဖြူတော်ကို ဖိတ်ကြားခံလိုက်ရတဲ့ Nicki Minaj

//s9.kh1.co/15/152ab44035b0b176ee1d94f2f4e0820442e1880f.jpg
အနုပညာရှင်များ

 ၁၆-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

Trinidad နဲ့ Tobago ရဲ့ကျန်းမာရေး ၀န်ကြီးဟာ Rapid Nicki Minaj ရဲ့ ပြောဆိုမှု‌ေတွကို ပယ်ချခဲ့ပါတယ်။ သူမပြောခဲ့တာကတော့ ဝမ်းကွဲရဲ့သူငယ်ချင်းတစ်ဦးဟာ Covid-19 ကာကွယ်ဆေးကို ထိုးခဲ့ပြီးနောက် ခွန်အားမရှိကြောင်း ပြောကြားခဲ့တာပဲဖြစ်ပါတယ်။ ကာရစ်ဘီယံနိုင်ငံမှ ကျန်းမာရေးအရာရှိများကလည်း မည်သည့်လူနာမှ ဒီဘေးထွက်ဆိုးကျိုးများကို တင်ပြခဲ့တဲ့ အထောက်အထားမတွေ့ပါဘူးလို့ ပြောကြားပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/be/be45e0bff11226ec8170444b885e2d6f4cad80bd.jpg
https://s9.kh1.co/__image/w=650,h=423,q=100/5f/5fdc9185fd43992e0ded13b3f95d1a294d49d32f.jpg

၀န်ကြီး Terrence Deyalsingh ဟာလည်း ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲမှာ သူတို့အနေနဲ့ ဒီလိုဘေးထွက်‌ဆိုးကျိုးတွေ မရှိကြောင်း ပြောခဲ့ပါတယ်။ Deyalsingh ဟာ Nicki ရဲ့ ပြောဆိုမှုကြောင့် သူတို့အနေနဲ့လည်း သေသေချာချာ အလေးအနက်ထားပြီး ဆေးရဲ့ ဆိုးကျိုးတွေကိုရှာခဲ့ကြပါတယ်။ " စိတ်မကောင်းစွာပဲ ကျွန်တော်တို့တွေ ဒီမှားယွင်းစွပ်စွဲမှု‌ကြောင့် အချိန်တော်တော်များများ ဖြုန်းခဲ့မိပါတယ် " ဆိုပြီး သူဟာ ပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=448,q=100/57/57186c70efb6bc21578919c0459b520d7d76c5ec.jpg
https://s9.kh1.co/__image/w=650,h=461,q=100/47/4740a6c8249f0c134f3f5ffa8decc513624afaa7.jpg

Nicki ဟာ " Trinidad မှာရှိတဲ့ ငါ့၀မ်းကွဲအစ်ကုိက ကာကွယ်ဆေးထိုးမှာမဟုတ်ပါဘူး ဘာလို့လဲဆို သူ့ရဲ့သူငယ်ချင်းက ကာကွယ်ဆေးထိုးပြီးနောက် ပိုအားနည်းလာလို့ပါပဲ၊ သူရဲ့ဝှေးစေ့မ‌ျားကရောင်ရမ်းလာပါတယ်၊ သူရဲ့ သူငယ်ချင်းဟာ လက်ထပ်ဖို့ သိပ်မလိုတော့ပါဘူး၊ ဒါပေမယ့်ခု ကောင်မလေးဘက်က မင်္ဂလာဆောင် ကိုဖျက်လိုက်ပါပြီ " ဆိုပြီး Tweet ခဲ့ပါတယ်။ Nicki ရဲ့ဒီလို ပြောဆိုမှုကြောင့် ကျန်းမာရေးဆိုင်ရာ လူများက ခုလို မဟုတ်တာတေ‌ွ မပြောသင့်ကြောင်း ရှက်သင့်ကြောင်း စသဖြင့် ပြောဆိုနေကြပါတယ်။

https://s9.kh1.co/__image/w=650,h=499,q=100/76/76e39c513f2cdc44651f3920fbb7f1717cf7d0b9.jpg
https://s9.kh1.co/__image/w=650,h=488,q=100/d5/d543dd1d90012e95819de8e8989fe1e24c3d2eb9.jpeg

စက်တင်ဘာ ၁၆ရက်နေ့မှာတော့ Nicki Minaj ကိုအိမ်ဖြူတော်မှာ Covid-19 ကာကွယ်ဆေးအကြောင်း ဆွေးနွေးဖို့ဖိတ်ကြားခံရပါတယ်။ သူမအနေနဲ့ ကာကွယ်ဆေး အပေါ်သံသယ၀င်နေတာ‌ကြောင့် သူမရဲ့ စိုးရိမ်မှုများကိုအမေရိကန်အစိုးရမှ တာဝန်ရှိသူများနှင့်ဆွေးနွေးရန်ဖိတ်ကြားခံရတာပဲဖြစ်ပါတယ်။ အိမ်ဖြူတော်ကသူမကိုဖိတ်တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး သူမအနေနဲ့လည်းသွားမည်ဖြစ်ကြောင်း အပန်းရောင်ကိုလည်း ၀တ်ဆင်သွားမည်ဖြစ်ကြောင်းစသဖြင့် Twitter မှာ ရေးတင်ခဲ့ပါတယ်။

သတင်း အရင်းအမြစ်Asiaone

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T