တစ်နှစ်ခံပင်ဖြစ်ပေမယ့်လည်း ကြယ်ပွင့်လေးလို လှပစွာ ဖူးပွင့်လေ့ရှိတဲ့ အက်စတာပန်း

//s9.kh1.co/23/23f417018fb93ffcb55df9e464aee55771b12d5c.jpg
ဗဟုသုတအဖြာဖြာ

 ၁၆-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

အက်စတာပင်ဟာ ကွန်ပိုဆစ်တီး မျိုးရင်း တွင်ပါဝင်ပါတယ်။ အက်စတာမှာ ဂရိဘာသာစကားဖြစ်ပြီး ကြယ်ပွင့်လို့ အဓိပ္ပာယ်ရပါတယ်။ ဒီအပင်ရဲ့ ပန်းပွင့်ဟာ ကြယ်ပွင့်နှင့် သူ့ရဲ့ ရောင်ခြည်များ ဘေးသို့တန်းထွက်နေတာနဲ့ တူတာကြောင့် အက်စတာလို့ အမည်ပေးထားတာ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံရှိ ဥယျာဉ်များတွင် စိုက်သော အက်စတာမျိုးကို ချိုင်းနားအက်စတာလို့ခေါ်ပြီး ချိုင်းနားအက်စတာမျိုးရဲ့ အပွင့်မှာ မိုက်ကယ်လမတ်ဒေဆီခေါ် အခြားအက်စတာပန်းမျိုးရဲ့ အပွင့်ထက် နှစ်ဆကြီးပါတယ်။ အရောင်တွင်လည်းအဖြူမှ စပြီး နှင်းဆီနှင့်ကြက်သွေးရောင်အပြင် အပြာနှင့်မရမ်းစေ့ရောင်အထိ အရောင်အမျိုးမျိုးကွဲလျက်ရှိပါတယ်။

https://s9.kh1.co/__image/w=500,h=500,q=100/3a/3a8bb1d7e16fbab608e0e1096a59a923858e0981.jpg
https://s9.kh1.co/__image/w=650,h=650,q=100/c1/c1a7cc9eebe80418a76a9627c127453316b9d062.jpg

အခြား အက်စတာပန်းတစ်မျိုးကို မိုက်ကယ်လမတ်ဒေဆီလို့ ခေါ်ရခြင်းမှာ အဲ့ဒီပန်းဟာ စက်တင်ဘာလတွင်ကျင်းပတဲ့ မိုက်ကယ်လမတ်ခေါ် ဗရင်ဂျီပွဲနေ့အချိန်နှင့် တစ်ပြိုင်တည်း ပွင့်တတ်သောကြောင့် ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံတွင် အလေ့ကျပေါက်သော အက်စတာပင်ကို ရုက္ခဗေဒအမည်ဖြင့် အက်စတာထရိုင်ပိုလီယမ် ဟုခေါ်ပြီး အင်္ဂလိပ် ဘာသာဖြင့် ပင်လယ်အက်စတာလို့ခေါ်ကြပါတယ်။ ပင်လယ် အက်စတာဟု ခေါ်ရခြင်းအကြောင်းကတော့ ဒီအပင်တွေဟာ ပင်လယ်ကမ်းရိုးတန်း တစ်ဝိုက်တွင် အလေ့ကျ ပေါက်ရောက်ကြခြင်းကြောင့်ပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/7c/7ca3cd46ca2a892d363bf375eb4bece1a1e8ea88.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/c4/c45da81fbdbf9df3ce27fd4550efcc6e90dfa9bb.jpg

အလွန်ထင်ရှားပြီး လူကြိုက်အများဆုံး နွေရာသီတွင် ပေါက်တဲ့ ပန်းမျိုးထဲမှာ အက်စတာပန်းဟာ တစ်ခု အပါအ၀င်ဖြစ်ပြီး လယ်ကွင်းများတွင်ပေါက်ရောက် လေ့ရှိတဲ့ ဒေစီပန်းရဲ့ အမျိုးအနွယ်လည်း ဖြစ်ပါတယ်။ မိုင်ကယ်လမတ်ဒေစီခေါ် အက်စတာပန်းပင်မျိုးကို နွေကူး ရာသီအတွင်းမှာ ကိုင်းချိုးပြီး မျိုးပွားစိုက်ယူကြရပါတယ်။ မိုင်ကယ်လမတ်ဒေစီ ပန်းပင်မျိုးဟာ အစေ့မှစိုက်ပျိုးယူလို့ မရနိုင်ပေမယ့် ချိုင်းနား အက်စတာပန်းမျိုးကိုတော့ အစေ့မှစိုက်ပျိုးယူရနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီလို စိုက်ပျိုးထားတဲ့ ပန်းပင်ဟာ တစ်နှစ်ခံပင်ဖြစ်ကာ ပန်းပွင့်ပြီးနောက် သေသွားတတ်ပါတယ်။

https://s9.kh1.co/__image/w=650,h=465,q=100/1f/1f2d4f05b99659277035e9082130cf544ba4726f.jpg
https://s9.kh1.co/__image/w=650,h=434,q=100/3e/3e9e48ea1c58bbcaad603af5533d7910e6c3e19e.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T