မီးရှို့ခံရပြီး ပျက်စီးသွားတဲ့ ဂန့်ဂေါမြို့နယ်က အိမ်ခြေတွေအတွက် အလှူငွေနဲ့ စားစရာများ လှူဒါန်းပေးမယ့် ဆရာတော်တစ်ပါး

//s9.kh1.co/de/dec9c0f63607709f6761d916776150890dd0fb0f.jpeg
နေ့စဉ်သတင်းများ

 ၁၆-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

......

နေရာအချို့မှာတော့ မတည်ငြိမ်နိုင်သေးဘဲ တိုက်ပွဲတွေ ဖြစ်ပေါ်နေဆဲပါ ။  ဂန့်ဂေါမြို့နယ် နှမ်းခါးရွာမှာဆိုရင်လည်း ဒေသခံတွေရဲ့ နေအိမ်တွေကို အာဏာရှင် လူတစ်စု ဘက်က မီးရှို့ ဖျက်ဆီးခဲ့တယ်ဆိုတဲ့ သတင်းတွေကို တွေ့ရပါတယ် ။ နေအိမ် များစွာ ပြာကျ ပျက်စီး ခဲ့ရသလို အသက်ပေးသွားကြရတဲ့ လူငယ်တွေလည်း များစွာရှိခဲ့တာကိုတွေ့ရပါတယ် ။ 

Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 

တစ်ချို့ဆို မိသားစုလိုက် အချိန်ကြာမြင့်စွာ ကြိုးစား ရှာဖွေ တည်ဆောက်ထားရပြီး နေတောင် မနေလိုက်ရဘဲ မီးရှို့တဲ့ အထဲပါသွားတဲ့ သတင်းတွေကလည်း တကယ်ကို စိတ်မကောင်းစရာတွေပါပဲ ။ ဒီနေ့မှာတော့ ပရဟိတ အလုပ်တွေကို လုပ်ဆောင်နေတဲ့ ဆရာတော်တစ်ပါးက ဂန့်ဂေါမြို့နယ်က မီးလောင်ကာ ပျက်စီးသွားတဲ့ အိမ်ခြေ (၂၅) စာအတွက် တစ်အိမ်ကို တစ်သိန်းကျပ်စီ လှူဒါန်းပေးမယ့်အကြောင်း ပြောကြားထားတဲ့ ပို့စ်လေးကို တွေ့ရပါတယ်။

Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 

ဒါ့အပြင် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ အတွက်လည်း စားနပ်ရိက္ခာတွေကို လမ်းကြောင်း အခြေအနေကြည့်ပြီး လှူဒါန်းပေးမယ့် အကြောင်းကိုလည်း " ဂန့်ဂေါမြို့နယ် မြင်သားရွာ စစ်မီးလောင် အိမ်ခြေ (၂၅) ပထမအကြိမ် မီးလောင်အိမ် (၁)အိမ် - (၁) သိန်းကျပ် လှူပေးမယ်နော် စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာကတော့ လမ်းကြောင်းအခြေနေပေါ် မူတည်ပြီးမှသာ ကူပေးမယ်နော် အခြေနေကောင်းရင် ပြန်လည်ထူထောင်ရေးအတွက် ဒု/တ အကြိမ်တွေလဲ ဆက်ကူပေးမယ်နော် ပုံတွေက ကိုယ်တိုင်ရိုက်ထားသူ ပေးပို့လာတာပါနော် " ရေးသားဖော်ပြထားရာ ကြည်နူး ပီတိဖြစ်မိတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Source & Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Source & Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T