ပါးစပ်တစ်ဖက်ရွဲ့ပြီး စကားမပြောနိုင်တဲ့အပြင် ခြေ၊လက်တွေပါလှုပ်မရတဲ့လူနာကို မိမွေးတိုင်းအကောင်းပကတိဖြစ်အောင် ကုသပေးလိုက်နိုင်တဲ့ ထူးခန့်ကျော်

//s9.kh1.co/80/803e04366fa469dc77bb56feff3ff7aea9e72785.jpeg
အနုပညာရှင်များ

 ၁၆-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ပါးစပ်တစ်ဖက်ရွဲ့ပြီး စကားမပြောနိုင်တဲ့အပြင် ခြေ၊လက်တွေပါလှုပ်မရတဲ့လူနာကို မိမွေးတိုင်းအကောင်းပကတိဖြစ်အောင် ကုသပေးလိုက်နိုင်တဲ့ ထူးခန့်ကျော်

သရုပ်ဆောင်ထူးခန့်ကျော်ကတော့ ဟိုးအရင်တုန်းကဆိုရင် ဗီဒီယိုဇာတ်ကားအများအပြားမှာ ပါဝင်သရုပ်ဆောင်ခဲ့တာကြောင့် သူ့ကိုအားပေးကြတဲ့ပရိသတ်တွေအများအပြားရှိပါတယ်။အခုနောက်ပိုင်းမှာ ဗီဒီယိုရိုက်ကူးမှုနည်းပါးလာတာကြောင့် ကျန်းမာရေးချို့တဲ့နေကြတဲ့လူနာတွေကိုလည်း မြန်မာတိုင်းရင်းဆေးပညာနည်းနဲ့ကုသပေးနေတာဖြစ်ပါတယ်။ထူးခန့်ကျော်ကုသပေးလိုက်လို့ ပျောက်ကင်းသွားတဲ့လူနာတွေလည်း အများအပြားရှိနေပြီဖြစ်ပါတယ်။

Photo Credit:Htoo Khant Kyaw’s Fb acc 
Photo Credit:Htoo Khant Kyaw’s Fb acc 
Photo Credit:Htoo Khant Kyaw’s Fb acc 
Photo Credit:Htoo Khant Kyaw’s Fb acc 

မနေ့ကဆိုရင်လည်း ထူးခန့်ကျော်ဆီမှာ ဆေးကုသနေတဲ့ (၂၈)နှစ်အရွယ် လူငယ်တစ်ယောက်က မိမွေးတိုင်းအကောင်းပကတိပြန်ဖြစ်သွားတာဖြစ်ပါတယ်။အဲ့ဒီလူငယ်လေးက စကားလည်းမပြောနိုင်သလို ညာဘက်ခြေထောက်နဲ့လက်များလည်းလှုပ်မရဘဲ ပါးစပ်တစ်ဖက်လည်းရွဲ့နေခဲ့တာဖြစ်ပါတယ်။သူ့ဆီမှာ ဆေးလာကုသနေတာ (၆)ကြိမ်ရှိနေပြီဖြစ်ပြီး နောက်ဆုံးတစ်ခေါက်မှာ စကားပြောနိုင်ပြီး လမ်းလျှောက်နိုင်တဲ့အပြင် လက်တွေလည်းလှုပ်ရှားလို့ရခဲ့တာဖြစ်ပါတယ်။

Photo Credit:Htoo Khant Kyaw’s Fb acc 
Photo Credit:Htoo Khant Kyaw’s Fb acc 
Photo Credit:Htoo Khant Kyaw’s Fb acc 
Photo Credit:Htoo Khant Kyaw’s Fb acc 
Photo Credit:Htoo Khant Kyaw’s Fb acc 
Photo Credit:Htoo Khant Kyaw’s Fb acc 

ရွဲ့နေသောပါးစပ်လည်းပြန်တည့်လာခဲ့တာကြောင့် ထူးခန့်ကျော်လည်း လူနာအတွက် အရမ်းဝမ်းသာနေတာဖြစ်ပါတယ်။တချို့လူနာတွေကလည်း သူ့ကိုယုံကြည်လို့လာရောက်ကုသရာမှ ရလာဒ်ကောင်းတွေကိုရရှိခဲ့တာဖြစ်ပါတယ်။ထူးခန့်ကျော်လည်း စေတနာအရင်းခံပြီး ခုနှစ်ရက်သားသမီးတွေရဲ့ဝေဒနာကို အခမဲ့ကုသပေးနေတာဖြစ်လို့ပြည်သူတွေကလေးစားနေကြတာဖြစ်ပါတယ်။ဒါ့ကြောင့် သူကုသပေးလိုက်လို့ သက်သာပျောက်ကင်းသွားတဲ့လူနာရဲ့ပုံရိပ်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Htoo Khant Kyaw’s Fb acc 
Photo Credit:Htoo Khant Kyaw’s Fb acc 
Photo Credit:Htoo Khant Kyaw’s Fb acc 
Photo Credit:Htoo Khant Kyaw’s Fb acc 

Source&Photo Credit:Htoo Khant Kyaw’s Fb acc 


Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T