ဖလမ်းမြို့နယ် ကျေးရွာအချို့မှာ ကလေးတွေ ကျောင်းစာနဲ့အဆက်မပျက်ဖို့ ကိုယ်ထူကိုယ်ထနည်းနဲ့ ညကျောင်းဖွင့်

//s9.kh1.co/2b/2b46ed63566fda9e7ebc2c6f4c78a3c19c590f8b.jpg
နေ့စဉ်သတင်းများ

 ၁၆-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

အခြေခံပညာအထက်တန်း ကျောင်းသား၊ကျောင်းသူတွေကို နောက်လကစပြီး အွန်လိုင်းကနေ အင်္ဂလိပ်စာတွေသင်ပေးဖို့ .....

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဆုမ်ဟရန် ကျေးရွာမှာ စက်တင်ဘာလ (၁၄) ရက် ညကစပြီး ကလေးတွေ ကျောင်းစာနဲ့အဆက်မပျက်ဖို့ ကိုယ်ထူကိုယ်ထနဲ့  ညမှာစာသင်နေကြတယ်လို့သိရပါတယ်။

Photo Credit : Zalen
Photo Credit : Zalen

ရွာထဲက ၁၀ တန်းအောင်နဲ့ ၁ဝတန်းတက်နေတဲ့လူငယ် (၈) ယောက်က တစ်ညကို မူလတန်းဆို ၁ နာရီဝန်းကျင် စောင့်ကြည့်သင်ကြားပြီး၊ အလယ်တန်းကို (၁) နာရီခွဲ နဲ့ အထက်တန်းဆို (၂) နာရီ စသဖြင့် စေတနာနဲ့ သင်ပေးကြပါတယ်။

ဒီအစီအစဉ်ကို ဆုမ်ဟရန်နှစ်ခြင်းအသင်းတော်က ဦးဆောင်ကာ ရွာထဲက ကလေး အယောက် (၅၀) လောက် တက်ရောက်လာကြပါတယ်။ ဒုတိယတန်းကနေ ၁၀ တန်းကျောင်းသားကျောင်းသူတွေကို အခန်း (၃) ခန်းခွဲပြီး မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ချင်းစာ၊ ပုံဆွဲ၊ စာဖတ်ချိန်ဆိုပြီးခွဲကာ သင်ကြားကြပါတယ်။

Photo Credit : Zalen
Photo Credit : Zalen

ချင်းပြည်နယ် ဖလမ်းမြို့နယ် နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်က အခြေခံပညာ အထက်တန်း ကျောင်းသား ကျောင်းသူတွေကို နောက်လကစပြီး အွန်လိုင်းကနေ အင်္ဂလိပ်စာတွေသင်ပေးဖို့ အမေရိကန်အခြေစိုက် Hope for Tomorrow အဖွဲ့က စီစဉ်နေတယ်လို့လည်းသိရပါတယ်။

အဆိုပါ အစီအစဉ်အတွက် ပြည်ပမှာရောက်ရှိနေတဲ့ ချင်းတက္ကသိုလ်ကျောင်းသူ၊သားတွေကို volunteer အနေနဲ့ ပါဝင်ဖို့ ဖိတ်ခေါ်နေကြပါတယ်။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T